မမုန်းဘဲနဲ့မေ့ချင်တယ်
နင့်ကိုမြင်ခိုက် အသည်းလှိုက်အောင်
ချစ်မိသူငါ မညာနိုင်တော့
ရင်တွင်းစကား နင့်ထံပါးကို
ဖွင့်ပြောခဲ့တာ သိမှာပါ………
သံယောဇဉ်ကြိုး ရစ်ပတ်တိုးလို့
ရင်မှအချစ် အသည်းနစ်လာ
မျှော်လင့်ချက်လေး နင်ကပေးတော့
ကြည်နူးရတာ သိမှာပါ………
အဆုံးသတ်မှာ ရက်စက်ပစ်ခွာ
ငါ့ဘ၀ကို မစာနာလဲ
နာကြည်းမျိုသိပ် ငါကြိတ်မှိတ်ကာ
ချစ်နွံကျွံနစ် မုန်းမဖြစ်လို့
မမုန်းဘဲနဲ့မေ့ချင်တယ်…………..
Comment #2
nice,,,
hote pa.
give lots of hope,then broke heart.
hint…
so cruel.
suffer pain.
By: ei lay at Jul 22, 2011
Comment #4
သံယောဇဉ်ကြိုး ရစ်ပတ်တိုးလို့
ရင်မှအချစ် အသည်းနစ်လာ
မျှော်လင့်ချက်လေး နင်ကပေးတော့
ကြည်နူးရတာ သိမှာပါ………
By: May Kha at Jul 22, 2011
Comment #6
he,,he,,
read again par.
never hate.
never forget,
By: ei lay at Aug 19, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အချစ်တဲ့… စာလုံး ၂ လုံးပဲ ရှိလို့သာပေါ့…
အမုန်းလည်း ဒီအတိုင်းပဲ.. စာလုံးပေါင်းသာလွယ်တာ တစ်ကယ်မုန်းရတာခက်တယ်….