မာနရဲ့နောက်ဆက်တွဲ
ရက်တွေကိုလက်ချိုးရေလို့
စိတ်ကူးတွေကိုရေခဏခဏပြန်ဆေး
နေရတာ
မှိုတက်ပြီးအိပ်မက်တွေတောင်ကျန်ခဲ့ပေါ့
“ပြီးသွားပြီချစ်သူရေ” လို့ပြောခဲ့တာတောင်
တစက်မှလွမ်းမပြခဲ့တဲ့ကျွန်မ
အတိ တ်နေ့ရက်တွေကိုအခုမှပြန်တမ်းတနေတယ်လေ
ပြန်ဆုံဖို့ဆိုတာကိုခပ်တိုးတိုးမျှော်လင့်ရုံကလွဲလို့
အများအမြင်မှာတော့
သူကပစ်သွားခဲ့တာမဟုတ်ပါဘူး
ကျွန်မကကျန်နေခဲ့တာပါ……………
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service