လူ (ဆူးနစ်ရင်)
ကြာတော့လည်း
ရင်ခုန်ရတာ ရှက်လာပြီ
ဘ၀ ရေ . . .
ပဉ္စလက်အစွမ်းတွေ စွန့်လွှတ်ပြီး
ငါ့ရင်ထဲက အချစ်တွေကို
ခုတ်ထစ်ပေးပါ . . .
ငါ . . .
မာယာတွေနဲ့ ပလူးချင်တဲ့ကောင်
ပူစီပေါင်း ယောင်ဆောင်ပြီး
ကန္တာရတောထဲ တိုးဝင်မိတော့မယ် . . . ။ ။
ဆူးနစ်ရင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service