အဖြည့်ခံပျော်တော်ဆက်တစ်ယောက်ရဲ့ ပေါကြောင်ကြောင်အိမ်မက်
အဖြည့်ခံငါ့ဘဝကိုဟာသလုပ်ရီ
လိုက်တော့မယ်
ကြယ်ကြွေတာနင့်အတွက်မထူးဆန်းပေမဲ့
ငါဆုတောင်းရတာနင်သိမှာမဟုတ်ဘူး
သူတောင်းစားဖြစ်မှန်းသိသိကြီးနဲ့တောင်
နင်ထည့်မဲ့ နှလုံးသားအပြဲလေးတခြမ်းကို
သာယာနေမှာပါ
နင်ပေးတဲ့နာကျင်မှုတွေမှာ ရစ်မူးနေတာ
ဘာကြောင့်လဲ
ဆူးမှန်းသိသိကြီးနဲ့လည်းရင်ကိုထိုင်ထွင်းနေတယ်
ရူးမှန်းသိသိကြီးနဲ့ …..
ချစ်တယ်ဆိုတာ ဘုရားသခင်မသိတဲ့
အရောင်တဲ့ ပီကာဆိုပြောဘူးတယ်
ငါအတွက်တော့ အချစ်ဆိုတာ
ပြုံးပြုံးကြီးနဲ့မသာချခံရတာပဲ
မပူပါနဲ့
မင်းစိတ်ပျက်သွားလောက်အောင်
ငါဆိုတဲ့ကောင်ကချစ်တတ်တာပါ
အခုတော့မျက်လုံးဖွင့်ပြီး
အိပ်လိုက်တော့မယ်အချစ်ရယ်
ငါကိုခွင့်လွတ်ပါနော်
Comment #4
oh,,,
kwat ti be
lone wa htet tu be,
super like
super like

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်မျိုးပဲ
မိုက်တော့မိုက်တယ်