“ခါးသီးခြင်းမရှိ”
ကော်ဖီခါးခါးကြိုက်တဲ့ ငါ့အတွက်..
ခံစားချက်တွေခါးသီးတာ မထူးဆန်းနိုင်ပါ
ရင်ခုန်သံတွေလည်း ချိုနိုင်မယ်မထင်
ငါ့၏ခန္ဓာကိုယ်၌ စီးဆင်းသော
သွေးတို့သည်လည်း ခါးသီးပေလိမ့်မည်
ဒါပေမယ့်…
ငါ၏ကိုယ်တွင်း၌ရှိ နှလုံးသားထဲက
ကဗျာတွေသည်ကား…
လုံးဝမခါးသီးစေရပါ…။ ။
ကိုသီဟ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service