အလွမ်းတွေနဲ့သွားရတော့မယ်
ဒါဏ်ရာမရှိလို့
မခံစားရဘူးလို့မထင်လိုက်ပါနဲ့
အခုဆို ငါ့ရင်ဘတ်တခုလုံး စုတ်ပြတ်နေပြီ
သတိရလို့စမ်းလိုက်တိုင်း
လက်ဖမိုးမှာ မျက်ရည်တွေရွှဲလို့
တစ်ပေလောက်အကွာက အရာတွေတောင်မပီပြင်တော့ဘူး
ဘယ်မှလည်းမသွားချင်ဘူး
တိုက်ဆိုင်မှုတွေကို ငါခံစားနိုင်မှာမဟုတ်လို့ပါ
အစကကြိုသိခဲ့ရင်ဆိုတဲ့
မချိတင်ကဲစကားမျိုတွေလည်းပြောမထွက်ဘူး
ပြန်လာခဲ့ပါလို့လည်း
မတောင်းဆိုချင်ဘူး
ငါ ငါ…….လေ……
အလွမ်းတွေတနင့်တပိုးနဲ့
သိပ်မကျန်တော့တဲ့
အနာဂါတ်တွေဆီ
မျက်ရည်လည်ရွှဲနဲ့ သွားရတော့မယ်……..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service