အချစ်ကို စားသုံးကြည့်ခြင်း – နရီထက်
တမားခါးခါး
ဆေးဖက်ဝင်တယ်ဆိုလို့
စားသုံးဖူးခဲ့ကြတယ်လေး
ပျားရည်ချိုချို
အမောပြေ နှလုံးအားဆေးဆိုလို့
စားသုံးကြပြန်တယ်လေး
အချဉ်ဓါတ်လည်း မြည်းခဲ့တယ်
အငံဓါတ်လည်း ဝေဖန်ခဲ့တယ်
အစပ်ဓါတ်လည်းနှင့် ရန်ဖြစ်ခဲ့သေးတယ်
ဒါဆိုရင်လည်း အချစ်ဆိုတာရော
ငိုလိုက် ရီလိုက် ပြန်ချော့လိုက်
စိတ်ဆိုးလိုက် ဖုန်းပိတ်လိုက် ပြန်ခေါ်လိုက်
လွမ်းလိုက် ဆွေးလိုက် ကြေကွဲလိုက်
မုန်းလိုက် မေ့လိုက် ပြန်ချစ်လိုက်တဲ့လား။ ။
နရီထက်
( ၂၃ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )
Comment #2
hote pa ..hote pa
By: thelko at Feb 2, 2011
Comment #4
he.he.
so cute.
so sweet.
By: ei lay at Feb 27, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟိုက်
ခိုက်သွားပြီ
အချစ်ကို definition ဖွင့်လိုက်တယ်
😀