တစ်နေ့စာဟာသတစ်ခွက်
ဟာသပဲ
ထမင်းစားလို့အသက်ရှင်နေတယ်ဆ
ကောင်းသေးရဲ့လား
အနာဂတ်မှာမနက်ဖြန်မရှိဘူးတဲ့
တော်ရုံသာပျော်ကျပေတော့
ဆင်းရဲမှာမပူနဲ့
ကျနော်ကာကွယ်ဆေးထိုးထားတယ်
ကျောင်းနောက်မှာ စိန်ပန်းပင်ရှိတယ်
ဝတ်လစ်စလစ် သစ်ရွက်တွေကိုဖော်ကျူးလို့
အချစ်ဟာဘာသာစကားမဲ့နေတယ်
ရှက်စနိုးဖြစ်နေတဲ့ နှလုံးသားကို
ဇောင်းကလွှတ်လိုက်တော့
ဘေးကချာတိတ်က စားလက်စခွက်လွတ်ကျသွားတယ်
မကောင်းတတ်လို့ဆိုတာကြီးကိုအာဂုံဆောင်ပြီး
ငါရှေ့မှာလာမအန်ပြနဲ့ နားရှက်တယ်
ချောက်ရင်ကြောက်တတ်တယ်
မြှောက်ရင် အင်း ( မြှောက်တတ်တယ်ထင်တာပဲ )
ကိုယ့်ဘဝကိုမကျေနပ်လည်း ဘယ်လိုလုပ်မလဲ
အိမ်သာသုံးတစ်ရှူးမရှိခြင်းက
လူတစ်ယောက်ကိုဝမ်းချုပ်စေပါသလား
ဒါဆိုရင်တော့ငါ လွမ်းတတ်နေပြီပဲ
အနားမကပ်နဲ့နော် လက်ထဲမှာ”စကား”နဲ့
ထထိုးလိုက်လို့သေသွားမယ် ဘာမှတ်လဲ
အပိုင်းငါး
ငါးများသည်ရေမကူးတတ်ကြောင်းတွေ့ရှိရပါသည်
ဆိုသောအခါ၌ဝယ် ….
ပေါင်ချိန်ရယ် လာပါတော့
မင်းခေါင်းဖြတ်ရမဲ့လူတွေငါ့ဘေးမှာအများကြီးပဲ
လက်သည်းတွေပျက်ကုန်ပြီ
နှမျောစရာကြီး
ငါနားထဲက ယုံတမ်းစကားတွေကော်ထုတ်နေပါသည်