မိုးခါးရေသောက်သည့် လူရူး၏ (
မင်းသိလားသူငယ်ချင်း
ငါ့ ကိုယ်ငါ
ထူထောင်ဖို့ 
အနားမဲ့်တဲ့ ကြမ်းပြင်ပေါ်မှာ
ခဏခဏလိုက်ကောက်ရင်း
ခဏခဏပြန့် ကြဲဖူးတယ်
တစ်ခါတစ်ခါလဲ
ချော်လဲရင်း
ခဏခဏလဲထိုင်လိုက်မိတယ်
တစ်ခါတစ်ခါ
ဘ၀ကပိုပြီးနက်အောင်
အမဲရောင်ဆိုးပစ်မိတယ်
ထပ်ခါတလဲလဲတူးဖော်မိတယ်
ညောင်ညိုပင်မပါပဲ
လမ်းခွဲတဲ့ အချစ်ဇာတ်လမ်းတွေက
မလေးနက်ဖူးလို့ 
ကောက်ချက်ချတယ်
ကိုယ့် အယူအဆနဲ့ ကိုယ်မို့ 
အာတီဖစ်ရှဲလောကလို့ လဲ
တစ်ခါတစ်ခါမြင်မိပြန်ရော
အမှု့တစ်ရာနဲ့ တွေ့ တာတောင်
အသက်တစ်ရာမြောက်နေခွင့် ရရင်လဲ
သံသရာကို
တဖြေးဖြေးသံသယ၀င်စရာမလိုလောက်အောင်
ကြောက်လို့ 
ဒီဘ၀ဒီမျှဆိုတဲ့ စကားနဲ့ 
ဖြေသိမ့် မိပြန်ရော
ငါ့ ကိုယ်ငါ
ရုံဝင်လက်မှတ်ပျောက်တဲ့ 
ရုပ်ရှင်တစ်ပွဲစာလောက်တောင်
စိတ်မရှည်ချင်တဲ့ အခါတွေမှာ
အမြုပ်တစီစီနဲ့ ဖန်ခွက်ထဲ
စီးဆင်းလိုက်တော့ တာလဲရှိရဲ့ 
အရာအားလုံးဟာ
ဟာတဲ့ အရာတွေနဲ့ ပဲမို့ 
တစ်ခါတစ်ခါ
ကွက်လပ်ကလေးတွေမြင်ရင်တောင်
ဝိုင်းဖြည့် ပေးဖို့ 
လက်ကမ်းမိသေးသား
ဒါပေမဲ့ ငါကိုယ်တိုင်က
ကွက်လပ်ကောင်ဆိုတော့ 
ကိန်းဂဏန်းတွေကို
မုန်းတယ်
ပြည့် လျှံခြင်းတွေကိုမုန်းတယ်
ဘ၀ဆိုတာက
ဘောင်ဘင်ခက်နေမှ
အရသာရှိနေမှာဆိုတော့ လဲ
ခပ်ပြည့် ပြည့် မဖြည့် ပေးတဲ့ 
ဘ၀ပုံသေးနည်းတွေကိုလဲ
ကျေးဇူးတင်သေးတယ်
နိုးတဲ့ အချိန်တွေမှာ
မက်တဲ့ အိပ်မက်နဲ့ 
အိပ်နေချိန်တွေမှာ
တွေးတဲ့ စိတ်ကူးကို
ညီမျှခြင်းပြန်မျှကြည့် လိုက်တော့ 
ဝင်သက်ထွက်သက်ကိုလိုက်မှတ်ဖို့ လဲ
တခါတခါတွေးမိတယ်
ခန္ဒာရလာတော့ 
ဝေဒနာကိုကြိတ်မှိတ်ခံဖို့ 
နဲနဲတော့ သတ္တိမွေးကြည့် ပေမဲ့ 
ရာစုသစ်ထဲမှာ
ဘ၀သစ်တွေကဟောင်းကုန်ပြီး
ဘ၀ဟောင်းတွေထပ်သစ်မှာပဲလို့ တွေးမိတော့ 
သစ္စာလေးပါးအကြောင်းလဲ
တွေးမိပြန်ရော
သစ်သီးစားပြီး
လူနှစ်ယောက်ဒုက္ခကို
အစဖော်တယ်လို့ ပြောလို့ 
ပန်းသီးမစားဖြစ်တာကြာပြီ
ခခယယ
ရေခဲစိမ်ပြီးသားအပြုံးတွေနဲ့ 
နှုတ်ဆက်ဖို့ 
ငါ့ ကိုယ်ငါလဲ
ရာသီသတုဖောက်ပြန်ပစ်လိုက်တော့ မှ
လူသားဆန်ဆန်တွေးတက်လာတယ်
မင်းလူန