မနက်ဖြန်
မနက်ဖြန်၊
မနက်ဖြန်၊
မနက်ဖြန်
ငါတို့ ချောင်ပိတ်ရိုက်ခံရသလို
နေ့တိုင်းမြည်တမ်းနေကြတယ်
ငါဆို နောက်ဆုံးပြောတာ
မကြာသေးခင်ကပဲ
“မနေ့ကငါတို့အတွက်ပိုကောင်း
ခဲ့တယ်”
ဒါအရူးတစ်ယောက်ရဲ့စကားပေါ့
ဒါအရူးတစ်ယောက်ရဲ့စကားပေါ့
မီးစာကုန် ဆီခန်းနေတဲ့ အရာတွေထဲမှာ
ဘဝဆိုတာလမ်းလျှောက်နေတဲ့အရိပ်တစ်ခုလိုပဲ
သနားစရာကောင်းတဲ့ သရုပ်ဆောင်တွေ
သူ့ရဲ့နောက်ဆုံးအချိန်ကို
ဇာတ်ခုံပေါ်မှာဖြက်သန်းလို့
ပြီးသွားတော့လဲ
ဘယ်သူမှပြန်မပြောတော့တဲ့
ပုံပြင်တစ်ပုဒ်လိုပဲ
ဘာမှန်းမသိအောင်သွေးပျက်မိတယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service