^^Apologize^^
ငါလိုချင်တာ တိမ်တိုက်တစ်ခု
ပုံစံတစ်ခုသွင်း ကောင်းကင်ထက်မှာထုဆစ်
တစ်ခုပဲဖြစ်ချင် စေလိုရာစေ အိမ်မက်တစ်ခု
ပျော်ချင်တာနင်နဲ့အတူ
မှော်အလင်းနဲ့ အတူ မွေးဖွားလာတဲ့ငါ
တစ်ကယ်တန်ခိုးရှိခဲ့ရင် နင့်အတွက်ငါ
ကောင်းကင်ပေါ်မှာအရုပ်ဆွဲပြမယ်
သုံးစားမရတဲ့ အလင်းတန်းတစ်ခုကြောင့်
ဖြစ်ပေါ်လာတဲ့ နိယာမတွေ
ငါရင်ထဲနေရာယူနေတော့
ဒီတစ်သက်နင်စေလိုရာစေပေါ့
နင့်ရင်ဘတ်မှာ ခိုကပ်နေဖို့
ငါ့ တွယ်တာခြင်းမြှားတွေ
ပစ်လွတ်လိုက်တယ်
သခင် နင်ဖမ်းချင်ဖမ်း
နမ်းချင်နမ်း
လွမ်းစေချင် ငါ့ကိုလွမ်းခိုင်းလိုက်ပါ
ငါက နင့်အတွက် အရာရာမပြီးမြောက်စေနိုင်ပေမဲ့
တစ်ချို့တစ်ချို့တွေပြောနေကြတဲ့ ဘ၀အတွက်အရေးကြီးခြင်း
ဆိုတာတွေတောင် ငါစတေးခဲ့ပြီ
သခင် …
နင်ဟာ ငါ့အတွက်
ပျော်ရွှင်ခြင်းတွေ အတိပြီးတဲ့ ဖန်လုံးတစ်လုံး
သာယာမှုတွေ အပြည့်ပေးစေမဲ့
သီချင်းတစ်ပုဒ်
ညဆိုတာကို ဘယ်လောက်မှောင်မှောင်
ငါနေရဲတယ်
သခင်…နင်ရှိရင်ပေါ့
ဘ၀ဆိုတာကို သုညကစဆိုငါစရဲတယ်
သခင်…နင်ပါရင်ပေါ့
အခုတော့ ငါ့အဖြူရောင်နံရံမှာ
အရောင်တွေလဲ စွန်းလို့ 
ဒဏ်ရာတွေလဲ ပေလို့ 
ဒီဘ၀အတွက် အစွန်းအထင်းတွေ
ဘယ်တော့မှ ကျွတ်တော့မယ် မထင်ဘူး သခင်
သခင်နဲ့ ငါ
လားရာတူသောလမ်းမှာ ဆန့် ကျင်ဘက်လျှောက်လှမ်းခဲ့ကြတယ်
ဆုံဆည်းခြင်းဆိုတာ တောင်စာလုံးပေါင်းမမှားအောင်
မနည်းရေးနေရတဲ့ ငါပါ
နင့်အတွက် အရေးမကြိးတောင်
ငါ့အတွက် အရေးပါတဲ့အချစ်
နင့်အတွက် အသုံးမ့ကျတောင်
ငါ့အတွက် ချုပ်ကိုင်တဲ့အချစ်
နင်မသိလဲ ငါ့တစ်သက်
နင့်တစ်ယောက်ပဲ ငါချစ်မယ်
ဟုတ်လား?>>>>>?
ငါက နင့်အတွက် မလိုအပ်တဲ့ ဂြိုဟ်ငှက်တဲ့လား
ဒီလိုဆိုလဲ ငါပျံသန်းဖို့ တောင်ပံ
ငါကိုယ်တိုင်ရိုက်ချိုး
နင့်အနား တစ်ဖ၀ါးမကွာ
တစ်ဘ၀တာ နေမယ်ဆုံးဖြတ်သူပါ
နင်ခွင့်လွတ်ပါ…..။…။