နွံ – မိုးကောင်းကင်
အဟောင်းတွေ သေဆုံးသွားတိုင်း
အသစ်တွေက နေရာယူကြတယ်
အသစ်တွေ ရှင်သန်ဖို့ အတွက်
အဟောင်းတွေကို သေဆုံးရမလား။
မထူးခြားနိုင်တော့ တဲ့  ဒီအဟောင်းနွံထဲ
နစ်မြောရင်း ရုန်းမထွက်နိုင်ခဲ့ တာ
ဒီအချစ်နွံထဲမှာ။
လကွယ်ညမှာ
လမင်းကို တမ်းတနေမိသလို
လမ်းမမြင်တဲ့  ဒီတောထဲမှာ
ကျွံဝင်နေခဲ့ ပြီ။
အလင်းသစ်ကို မြင်နေလျက်နဲ့ 
အမှောင်အိုက ရုန်းမထွက်နိုင်အောင်
အတိတ်ရဲ့  အရိပ်ဆိုးတွေကို
တစ်လိပ်ပြီး တစ်လိပ် မီးရှို့ နေခဲ့ တယ်
ဖွာရုံတင်မဟုက်ဘဲ
ငါဟာ……..
ရှိုက်ခဲ့ မိသူပါ
ဟော့ ဒီ ရင်ဘတ်ထဲက
အနက်ရှိုင်းဆုံး နေရာထိအောင်
ရှိုက်ခဲ့ မိသူပါ။ ။
19:40 30th July 2010
Comment #2
ei lay le tu tu be,,
dar pay me yone htwke phoe a se a sin dot lone wa ma shi par…kwi..kwi,,
By: ei lay at Apr 7, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလင်းသစ်ကို မြင်နေလျက်နဲ့ 
အမှောင်အိုက ရုန်းမထွက်နိုင်အောင်
အတိတ်ရဲ့  အရိပ်ဆိုးတွေကို
တစ်လိပ်ပြီး တစ်လိပ် မီးရှို့ နေခဲ့ တယ်
ဖွာရုံတင်မဟုက်ဘဲ
ငါဟာ……..
ရှိုက်ခဲ့ မိသူပါ
..
နှစ်သက်စွာအားပေးသွားပါတယ်