ရည်းစားစာ (သက်ထွေး)
ဘာကိုမှ မကြောက်ပါဘူးကွယ် …
မင်းဆင်တဲ့ ထောက်ချောက်ထဲ
မဆင်းမိမှာပဲ ငါကြောက်တယ်
အချစ်ဆိုတာ ပြေးရင်းလွှားရင်း
ခလုတ်တိုက်မိတတ်ကြတဲ့ အရာပေါ့ ။
ဘယ်လောက်မှ မဝေးပါဘူးကွယ် …
ပြောင်းပြန် ယူဆကြပေမယ့်
ပြန်ပြောင်းပြီး မက်ပေးလို့မရတာ
အိပ်မက်ပေါ့
မြေကြီးနဲ့ကောင်းကင်ဟာ
မြင်နိုင်ရုံလောက်သာ ဝေးပါတယ် ။
ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပါဘူးကွယ် …
စက္ကန့်တံထဲ အချိန်ထည့်ခဲ့သူကိုရော
“တူ” ပြီလို့ အော်ခဲ့တဲ့မင်းကိုရော
“ကမ္ဘာ” က “နေ” ကိုပတ်တာ
“လ” နဲ့တွေ့ရဖို့အတွက်ပဲ မဟုတ်လား ။
ဘာကိုမှ မလိုအပ်တော့ပါဘူးကွယ် …
မပြီးပြည့်စုံပဲ လိုအပ်ခြင်းက
သဘာဝတရားလို့ ခေါ်တယ်
ပြီးပြည့်စုံပြီး လိုအပ်နေခြင်းကိုတော့
လောဘတရားလို့ ခေါ်တယ်
ထပ်ကိန်းတွေတင်လည်း
ဘယ်လိုမှ မပြောင်းလဲတဲ့
ပြီးပြည့်စုံခြင်းမျိုးနဲ့ ငါ့ကိုတော့
ငါက “သုည” လို့ခေါ်တယ် ။
ဘာကိုမှ ရှက်မနေတော့ပါဘူးကွယ် …
လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်
ငါကတော့
ခွက်လဲဆွဲတယ်
လက်လဲဖြန့်တယ်
လူယဉ်ကျေးလဲ လုပ်တယ်
သဒ္ဓါတရား အနည်းအများမထားဘဲ
မင်းငါ့အား “ရည်းစား” ထားတော့ ။ ။
သက်ထွေး
သြဂုတ် ၈ ရက် ၂၀၁၀ နေ့လည် ၁၂း၁၉
Comment #9
သြော် သူကြီး သူကြီး ဒီအရွယ်ကြီးရောက်မှာ ရည်းစားစာ ရေးရတယ်လို့။ တခါမှ မဖတ်ဖူးဘူးဗျာ ဒီလောက် ကောင်းတဲ့ ကဗျာ ( မှတ်ချက်။ ချီရွန့် ကဗျာမပါ ) ။ စကားလုံး သုံးထားတာလေးတွေ သဘောကျတယ်။ ဒီကဗျာဖတ်ပြီးတော့မှ ကိုယ့်ကဗျာကိုယ်ပြန်ဖတ်တော့ …… ဟဲဟဲ ပြောမပြေဘူး။
Comment #11
ရှယ်တကာ့ရှယ်ပါပဲလား
Comment #12
ဒီလောက်ကောင်းရလားဗျား ။ လန်ထွက်လို့ ခြံဖိနပ်တောင်မခတ်ထားဘူး ။ တကယ်တော့ ကောင်မလေးတွေကို ယုံအောင်ကြွေအောင်ပြောရတယ် ။ ယုံလားတော့မသိဘူး ခြုံကြားတော့ လှုပ်စိလှုပ်န့ဲ။
Comment #13
အရမ်းမိုက်တယ်…………….
Comment #14
လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်
ငါကတော့
ခွက်လဲဆွဲတယ်
လက်လဲဖြန့်တယ်
လူယဉ်ကျေးလဲ လုပ်တယ်
သဒ္ဓါတရား အနည်းအများမထားဘဲ
မင်းငါ့အား “ရည်းစား” ထားတော့ ။ ။
ကူးပါ၇စေဗျာ ဒီတစ်ပိုဒ်တော့ ကြိုက်လွန်းလို့ ပါ ………… gtalk မှာ CM တင်ထားချင်လို့ ပါ အကို
Comment #15
အရမ်းကောင်းတဲ့ အချစ် စာလေး တစ်စောင်ပါ –
Comment #16
အရမ်းကောင်းတဲ့ အချစ် စာသားလေးပါ –
Comment #17
wow,,,
pat pat sat sat ko kyike de.
poe soe pat sat mike de.
Comment #19
လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်
ငါကတော့
ခွက်လဲဆွဲတယ်
လက်လဲဖြန့်တယ်
လူယဉ်ကျေးလဲ လုပ်တယ်
သဒ္ဓါတရား အနည်းအများမထားဘဲ
မင်းငါ့အား “ရည်းစား” ထားတော့ ။ ။
ကိုသက်ထွေးရဲ့ ရည်းစားစာကိုတော့ အကြိုက်ဆုံးပဲ..း) အစ်ကိုရေးတဲ့ကဗျာတွေအားလုံး ကြိုက်တယ်ဗျ..
Comment #20
လက်ဝါးဖြန့်ရင် လျှက်စားရမယ် ဆိုတာမျိုးလား အစ်ကို ( နောက်တာနော် ).
စာသားအသုံးအနှုန်းပြောင်မြောက်လွန်းလှ၍ ကဗျာလေးကို နှစ်သက်မိသည်မှာ အမှန်တကယ်ပါဗျို့
အကောင်းမွန်ဆုံး စာသားအသုံးအနှုန်းများဖြင့် ဒီထက်မက ပိုမိုကောင်းမွန်သော ကဗျာ သစ်များ ဆက်လက်မွေးဖွားနိုင်ပါစေ
ချမ်းမြေ့ပါစေ
Comment #21
love it
Comment #22
[…] ပြကွက် (၁) = ရည်းစားစာ ပြကွက် (၂) = သွေးစွန်းသွားခဲ့သောမြစ်တစ်မြစ် ပြကွက် (၃) = လမ်းဆုံလေး ပြကွက် (၄) = ရာသီရွေးမှားသော … တိမ် […]
Comment #1
လိုက်ကိုမမှီ တော့ပါဘူး ကွယ်….
ရေးလိုက်တိုင်း လန်ထွက်စ် နေတယ်
အားလုံးက ကြိုက်ကြခိုက်ကြ မှာပါ ပဲ
မင်း ညှစ် သမျှ ထွက် သမျှ
စာသားတွေ က သေဆို သေ လို့ ရ နေပြီ
ရည်းစားစာ တဲ့လား ကွယ်….
မင်း ဘယ်ကောင်မလေးကို ပေး မလို့လဲ?? (ဟွင်းးး ဟွင်းးး) 😛
လူလိမ္မာ လုပ် ပြီး ဒီဘက် ကို လက်ညှိုး မထိုးလဲ
နာ ..ကတော့ မင်း လက်ကို ဆွဲ မှာ
အနားကို လဲ ကပ် မှာ 😛
ကလေးလိုလဲ ဆိုး မှာ (ဟဲ..ဟဲ..)
ဒါ့ကြောင့်
မင်းငါ့အား “အမှန် အတိုင်း” ပြောတော့