ရင်ဝှက်အနမ်း
အိပ်မက်တွေ အုပ်ချုပ်ဖို့
မင်းမဲ့ရင်ခွင်မှာ
မင်းက…
နန်းထိုက်သူလေးပါ
ကဗျာဆရာတွေကြောင့်
စကားလုံးခေါင်းပါးလာတော့
မင်းအပေါ် အကြွေးတင်ခဲ့
ချစ်တယ်မချစ်ဘူးဆိုတာထက်
ယုံကြည်ပေးဖို့
လွမ်းတယ်မလွမ်းဘူးဆိုတာထက်
လိမ်လည်ပေးဖို့
( ၂၄ ) နာရီလုံးလုံးမချစ်နိုင်ပေမယ့်
ဖြတ်လမ်းအတိုင်း မလျှောက်ခဲ့ဘူး
အချိန်မီရင်တော့
လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ ဆုံမယ်…။
ဇင်သော့
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းမိုက်ကြောင်းပြောဖို့ လက်ဖက်ရည်ဆိုင်က စောင့်နေမယ်