တိတ်တိတ်လေးကြွေကျတဲ့  နှလုံးသား
ဒီည…..
ကောင်းကင်ပြာ ၀င်းပ
ရွှေလရောင် အေးမြ
ကြယ်စင်တွေ ကြွေကျ
ဘယ်နေရာ မြေခလဲတော့ မသိ
ကိုယ့် နှလုံးသားလေးတော့ 
တဲ့ တဲ့ လေး ကြွေကျ
သူမရှိရာ အရပ်ဆီ
ဒီဘ၀……
ရွှေရှား ငွေရှား ဓနရှားတဲ့  ဒီဘ၀မှာ
ကောင်းကင်သို့ အရောက်လှမ်း
ကြယ်စင်လေးတစ်ပွင့် ကို
ခြွေမချနိုင်မတော့ 
ရင်ခုန်သံတိုးတိတ်
နှလုံးသား တံခါးပိတ်ပြီး
တိတ်တိတ်လေးကြွေကျမဲ့  နှလုံးသားကို
သူမ မသိအောင်
ကဗျာအဖြစ် ခြွေချလိုက်ရသည်။
Comment #2
လက်မှန်းတည့်ပါစေရှင်
By: မေပျို at Nov 8, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရင်ခုန်သံတိုးတိတ်
နှလုံးသား တံခါးပိတ်ပြီး
တိတ်တိတ်လေးကြွေကျမဲ့  နှလုံးသားကို
သူမ မသိအောင်
ကဗျာအဖြစ် ခြွေချလိုက်ရသည်။