နွေဦးနွမ်းရိခြင်း
ငါ လျှောက်နေတဲ့ လမ်းက ….
ခဏနေဆို …
စပြီ …
…………………………
သင်ကြားရေးပိုင်းမှာပဲ …
မနက်ဖြန်တွေကို အဆင်သင့်မဖြစ်ပဲနဲ့
ရင်ဆိုင်ခဲ့ရတယ် …
တကယ်တော့ …
ငါ ….
အားအသင့် …
မြှားအသင့် …
ဓားအသင့် …
လမ်းအသင့် …
တိုနဲ့ စစ်သည်တစ်ယောက်သာ ဖြစ်ချင်တယ် …
ဒါပေမဲ့ …
ငါဟာ …
ပြာယီးပြာယာ ရှုတ်ယှက်ခတ်ခြင်းတွေနဲ့ …
မနက်ဖြန်တွေမှာ အစိမ်းသက်သက်မွေးဖွားလို့ …
တခါတလေ ကဗျာတွေကို ငါ ပြောမိတယ် …
“စစ်မတိုက်ခင် လက်ဗလာ မဖြစ်ချင်ဘူး …´´ … ရယ်လို့ …
……………………………………..
မပြေးပဲနဲ့ ဝေးသွားခဲ့တဲ့ မနေ့က ပျော်ရွှင်မှုတွေကို …
ကဗျာတွေထဲ ဖြန့်ကြဲချ၊ ပေါင်းသတ်ရေလောင်း …
အသီးစား ရုံက လွဲလို့ ငါ ….
ဘာများ တတ်နိုင်တော့မှာလဲ …
ကျေးဇူးပြုပြီး …
ဘာမှကို နားမလည်တဲ့ နားလည်ခြင်း … တစ်ခုကို
ဘုရားသခင် ကျွန်တော့်ဆီ ပစ်ချပေးပါ …
အားလုံးကို နားလည်သလိုလိုနဲ့(နားလည်တဲ့) ဘာမှ နားမလည်ခြင်း …
ဆိုတဲ့ စေတန်ရဲ့ ကောင်းကြီး တစ်ခုထက်တော့ သာလွန်ကောင်းမွန်လို့ပါ …
……………………………………..
(၂)
အိပ်မက်တွေ မနက်ကထက် ပိုပြီး
ပျစ်ခဲလာခဲ့တယ် …
ငါဆုပ်ကိုင်ထားတဲ့ နာရီလေးပေါ်မှာ
အမှောင်တွေကို ပြွတ်သိပ်ထည့်ပြီး
အိပ်မက်တွေကို လွတ်လွတ်လပ်လပ်ပြွတ်သီးချင်သူ …
ဆိုရင် …
ဆန့်ကျင်ဘက်ကို တောင့်တသူ တစ်ယောက်အဖြစ် …
ငါဟာ …
အရမ်းကို လူသားဆန်သွားမယ် …
…………………………….
(၃)
ရင်ခုန်မှုကို ရှာတယ် …
ခရီးလမ်းက ပိုပြီး ပိုပြီး နက်နဲသိမ်မွေ့လာတာနဲ့ အလျှောက် …
နတ်သမီးလေးတွေရဲ့ နာမည်တွေ …
ခက်ခက်ခဲခဲ ဖျစ်ညစ်ထွက်လာတယ် …
“အချစ်´´ ဆိုတဲ့ လက်ဆောင်တစ်ခုဆီကို
ပိုက်ဆောင်လာပြီးတော့ ….
နောက် …
ငါ့ကို “အချစ´´ ပေးကြတယ် …´´
ဒါပေမဲ့ …
မျက်နှာဖုံးတွေ ကိုယ်စီတတ်ထားတယ် …
သူတို့လေးတွေရဲ့ အငွေ့အသက်တွေ
နှလုံးသာမှာ ပိုပြီး ပိုပြီး အခြေကျလာခဲ့တဲ့ နောက်မှာ …
အမှန်တရားတခုလို ခါးခါးသီးသီး လက်ခံလာခဲ့တာက …
“ခြေသံတွေသာ ငါနဲ့ အတူ ပါလာတယ် …
ခြေထောက်လေးတွေကတော့ အနောက်မှာ ကျန်ခဲ့တယ် …´´
…………………………….
ကဲ ….
ဘာများ တတ်နိုင်အံ့နည်း …
ကွဲကြေခြင်း အဖြာဖြာကို ရင်ခွင်ထဲပစ်ထည့် ….
ရင်ခုန်သံတွေကိုပါ တပါတည်း ရိုက်ခွဲပစ်လိုက်တယ် …
ကဲ …
…………………..
……………..
………..
(၄)
ဘုရားသခင်ရယ် …
မြှားတွေကို ဆက်ထမ်းထားနိုင်ဖို့
ကျွန်တော့်ကို အားတွေ ထပ်ပေးပါ ….
ဓားတွေကို ဆက်သွေးထားနိုင်ဖို့
ကျွန်တော့်ကို အားတွေ ထပ်ပေးပါ …
စစ်မြေပြင်ထိ လျှောက်ဖို့ ခြေလှမ်းတွေရဲ့ အသက် ….
ကျွန်တော့်ကို အားတွေ ထပ်ပေးပါ ….
ကျွန်တော့်ဒိုင်ယာရီကို အခုမှစ ဖွင့်လှန်ရမှာ မို့လို့ပါ …
……………………………………………………………………