လမ်းဆုံး
ရှူခနဲ မှုတ်နေတဲ့
ပူဖောင်းမှုတ်လို့မှ
မပြီးသေးခင်
ဖောင်းခနဲပေါက်
မစခင်က ဆုံးတဲ့ဇာတ်မှာ
ငါက ခေါင်းဆောင်နေရာကကြေကွဲနေရတယ်
စကောလောက်မှ စောက်မနက်
ပြုတ်ကျအန်ထွက်လာတဲ့
ခပ်ညံ့ညံ့ စကားလုံးတွေနဲ့
အဖျားသွေးရှိနေတဲ့ အချိန်မှာ နင်လေစိမ်းမတိုက်ပါနဲ့
နင့်မျက်ဝန်းတွေဆီက
ဘာသာမဲ့စကား
အမှန်တရားတွေက
လေထဲကလွင့်ပြီး ငါ့ဆီလာစိုက်တယ်
ခုတော့သိပြီ…..
နင်ရိုးသားတယ်ဆိုတာ.
ငါးမျှားချိတ်မှာတပ်ထားတဲ့ ငါးစာပါ
အလိုက်မသိ… အဲဒီငါးစာကို ငါက ပါးဟက်ကြိးပေါက်အောင် ဟက် ခဲ့မိတာ
နင်သိအောင်လဲပြောရဦးမယ်
ငါကလည်းစိတ်မပါရင် လေတောင်မချွန်ဘူး
တစ်စုံတစ်ယောက်ကြောင့်
တစ်ကောင်တည်းဒိုးနေတဲ့ငါ့နှလုံးသား
သူ့အလိုလို လိုက်ကာကျသွားမယ့်အထဲ ငါမပါဘူး
လောကကြီးကို လွယ်အိတ်ထဲတည့်ပြီး
အမှားကိုသိရင် ပြင်တတ်တဲ့ငါ
ကောက်ကျစ်တဲ့ အနိုင်ယူမှုလို့ ပဲဆိုဆို
ညတစ္ဆေခြောက်သလို နင့်ကိုအိပ်မက်ထဲ ထည့်မက်မိရင်
ချက်ချင်းမျက်နှာထသစ်လိုက်မယ်။
…………………………………………………………
တစ်ရေးနိုးလို့ ငါ နင့်နာမည်ကို ယောင်အော်မိရင်တောင် ချက်ချင်းလက်ထိုးပြီးအန်ပစ်လိုက်မယ်။
……………………………………………………………
တစ်ခုပဲလွမ်းတယ်… ပေးလိုက်ရတဲ့ငါ့အချစ်တွေကို။