ပန်းနုရောင် သတို့သမီး – နရီထက်
ရယ်စရာ ရှက်သွေး
အပြုံးတကာကောင်းကင်အောက်က
မျက်ပြေလွှာ တိမ်တစ်စင်းရယ်
ကျော့မူယာဆုံး
ယဉ်တစ်ကိုယ်မယ် သူဇာလေးရယ်. . .
အိမ်မက်တွေထဲ သူဝင်လာတယ်
အိမ်မက်တွေလည်း ပေးခဲ့တယ်
နံနက်ခင်း ပန်းလှတွေလည်း ထားပစ်ခဲ့တယ်
ညမိုးသောက် ကြယ်စင်သွေးရယ်
ရင်တစ်ကိုယ် ငေးလောက်ချင်ရဲ့
အိမ်မက်နှင့် အပြင်
တူနေသလား သူဇာမယ်ရယ်. . .
နောင်ကြောင်းကိုတည်
ရည်စူးကာ အတည်
လှမ်းရည်လို့ ချီ
မယ်ကို ချစ်တယ် ချစ်တယ်
သူမရယ် ထွက်မပြေးပါနဲ့
လိုက်မယ်အမှီ တအားချီလို့
ပန်းနုရောင် ရှက်သွေးဖြာတဲ့
ပန်းမျာ့းသခင် ပန်းဘုရင်မရယ်
ကိုယ်ရဲ့ ပန်းနုရောင် သတို့သမီးလေးရယ်. . .
သက်ဆုံးတိုင် ချစ်ခွင့်လေးတော့
ပေးခဲ့လှည့်ပါ. . .
ပန်းနုရောင်သတို့သမီးရယ်. . . ။ ။
နရီထက်
( ၂၀ ၊ သြဂုတ်လ ၊ ၂၀၁၀ )
Comment #3
mike de kwar
i like both title & poem
By: ei lay at Jan 14, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ်ကောင်းတဲ့ကဗျာလေပါပဲ…အားပေးလျှက်..