သမားတော်
ရည်းစားများတာ မဟုတ်ဘူး
ကုစားပေးမယ့် သမားတော်ရှာနေတာ 😛
လက်စားချေတာလေး နည်းနည်းပါမှာပေါ့။
သမားတွေညံ့တာမဟုတ်ဘူး
အနာနဲ.ဆေးမတည့်တာ
စိတ်ကိုထိတဲ့ဒဏ်ရာ ဆိုတော့
စိတ်ပါမှလည်း ပျောက်မှာနော်။
အဆိပ်ဖေါ်သူမှာပဲ အဆိပ်ပြယ်ဆေးရှိမှာ
သူကုမှပျောက်မယ် ဆိုရင်
ငါအသေပဲခံလိုက်တော့မယ်
အဲဒီလောက်ထိ စိတ်ထဲမှာနာနေတာ။
ကဲ….လာချင်တဲ့သမားတော်လေး
မိုးကြိုးကိုမကြောက်ပဲ မိုးကိုကာတဲ့ ထီးလေးလို
ဆူးကိုမကြောက်ပဲ ပန်းကိုစိုက်တဲ့ဥယျာဉ်မှူးလို
ငါ့အနားမှာနေပေး
(ပုံပြင်ထဲကလို)
စုန်းမကျိန်စာသင့်တဲ့ ဖားရုပ်ဆိုးလေး
မင်းသမီးနမ်းရင် မင်းသားလေးဖြစ်သွားမယ်။ ။
Comment #2
ကိုမော်နီရေ ရိုက်ချက်တွေက ပြင်းလှချည်လား အကို့ ကဗျာတွေကို စောင့်မျှော် အားပေးနေတယ်နော်
By: အိလေး at Sep 1, 2010
Comment #4
I always miss our UMM time. KMH
By: Kyaw Myo Htet at Sep 22, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်..