ချစ်ဆဲ
ခိုင်မြဲမှု့ ဆိုတာ
ချညှ်ေနှာင်စရာတစ်ခုခုနဲ့ မှဖြစ်မှာလို့ 
မတေွးခဲ့ သူမို့ 
ဆက်ထုံးတွေများလာတာကိုတောင်
ငါကရုပ်ပျက်ဆင်းပျက်
ဇာတ်သိမ်းရဲနေပြီ……………
ပေးဆပ်မှု့ တွေ
ဆက်ပေးနေတဲ့ ကြားက
မျက်နှာကိုဗြောင်တိုက်
လှောင်လိုက်သလိုဆက်ဆံရေးတွေ
မင်းဆီကအထွေးလိုက်………..
မင်းကျွမ်းကျင်တဲ့ ဒီဘာသာရပ်မှာ
မင်းကဆရာတစ်ဆူမို့ 
နာကျင်နေတာသိပြီးသားကို
နားလည်မှု့ တွေထပ်တောင်းသူ
ငါသာအရူးပါ……………..
မင်းနဲ့ ငါမျဉ်းပြိုင်မဟုတ်ပါဘူး
ငါ့ အတွက်
ဖြတ်မျဉ်းတစ်ကြောင်းရဲ့ 
သီအိုရီတွေနဲ့ ရောက်လာသူရေ
ဧဒင်ဒဏ္ဍာရီမှာ
တစ်ဖက်သက်ခံစားရသူမပါတော့ 
အချစ်ဟာ
ငါလိုလူအတွက်
ခမ်းခမ်းနားနားဖွဲ့ ဆိုလည်း
ဇာတ်ပေါင်းရမှာမဟုတ်ပါဘူး
နာတဲ့ ရင်မှာ
ဟာနေဆဲမို့ 
ဘာတွေနဲ့ မှထပ်ဖြည့် လို့ မရသေးပါ
မင်းလူန
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အချစ်ဟာ
ငါလိုလူအတွက်
ခမ်းခမ်းနားနားဖွဲ့ ဆိုလည်း
ဇာတ်ပေါင်းရမှာမဟုတ်ပါဘူး
နာတဲ့ ရင်မှာ
ဟာနေဆဲမို့ 
ဘာတွေနဲ့ မှထပ်ဖြည့် လို့ မရသေးပါ