ငါ့ရဲ့ကြယ်
နင်ပျော်ဖို့ ငါအလွမ်းတွေ စိုက်ထားတယ်ချစ်သူ
နေများပူခဲ့ရင် နင်ငါ့အလွမ်းမှာလာခိုနားပါ
ဘ၀ဆိုတာပြဇာတ်တဲ့ … ငါနင်နဲ့ အထပ်ထပ်ကတတ်ချင်ခဲ့တာပါ…
အခုတော့ကကြိုးကဗလာဆိုပဲ
နင်ကိုငါအထပ်ထပ်ကာကွယ်ရင်းနဲ့ မာယာတွေ ငါ့ကိုယ်ကိုလာစင်တယ်
ပန်းတိုင်ကိုပြေးနေရင်းတောင် ငါ့မာနတွေခေါက်ကနဲ ခဏခဏပြိုပြိုကျ
ကံတရားက ငါ့ကိုခဏခဏ ခလုတ်တိုက်တတ်လာတယ်…
နင်စိုမှာကိုစိုးခဲ့တာပါ … ဒါတောင် ငါနဲ့နေမှမိုးမိခဲ့သတဲ့လား
တကိုယ်စာလေးမွှေးချင်တဲ့မီး အခုတော့ အကြီးကြီးကိုလောင်နေပြီ…
ရီပါ နင်ရီပါဟာ… ကဗျာမဆန်တဲ့ အခန်းထဲက ကိန်းဂဏာန်းတွေပိန်ကပ်နေတတ်တဲ့ ကောင်လေးကလွမ်းနေတယ်တဲ့ …
အခုဆို နင်ပျော်ဖို့ကြွေကျတဲ့ နှုတ်ခမ်းတစ်စုံနဲ့ … နှလုံးသားဆို ဖျတ်ဖျတ်ကိုလူးလို့ …
တကယ်တော့နင်ဟာ ငါရူးဖို့ပွင့်လာတဲ့ကြယ် …
Comment #2
အလွမ်း ပင် ကအရိပ်ရ တယ်တယ့်လား ??????????????????
By: နွေးနွေး at Nov 1, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မှန်ပါတယ်။
လူတိုင်းလဲ ရူးဖူးကြပါတယ်။