အရွေ့ ကဗျာ
ချစ်သူရဲ့စကား
သူ့စိတ်ဟာတိမ်တွေလိုပဲတဲ့….
အဲ့ဒီနေ့က တိမ်ထူတဲ့နေ့တနေ့လေ။။
ချစ်သူ့ရဲ့စကား
သှူု့စိတ်ဟာလေရှုးတွေလိုပဲတဲ့……..
အဲ့ဒီနေ့ကတောင်ကုန်ူးလေးပေါ်မှာ
လေတွေတိုက်တဲ့နေ့တနေ့လေ။။။။။။။။။
ချစ်သူရဲ့စကား
သူ့နှလုံးသားထဲံပြည့်နေတဲ့အရာတွေ ဟာ
ထုထည်ကြိးမားနေတယ်တဲ့……….
အဲ့ဒီနေ့က ကျွန်မမျက်လုံးတွေ
အရောင်လက်ခဲ့တဲ့နေ့တနေ့လေ.။။။။။။။။။။။။
ချစ်သူ့ရဲ့စကား
သူ့စိတ်တွေအရောင်တွေစွန်းနေပြီတဲ့
အဲ့ဒီနေ့ကကျွန်မတို့ပန်းချီပြခန်းထဲမှာလေ….
ကျွန်မရဲ့ပါးပြင်လဲအရောင်တွေစွန်းတဲ့နေ့တနေ့လေ။။။။။။။။။။။။။။
ချစ်သူရဲ့စကား
သိပ်ချစ်တာပဲတဲ့
အဲ့ဒိနေ့ကကျွန်မနဲ့ထိတွေ့တဲ့အရာတွေအားလူံး
ပန်းပွင့်သွားတဲ့နေ့တနေ့လေးပေါ့……………..
ချစ်သူရဲ့စကား
သူ့စိတ်တွေလေလိုလွှင့်နေတယ်တဲ့………….
ကျွန်မလဲလေလိုလွှင့်သွားတဲ့နေ့တနေ့လေ……………………
Comment #2
အရပ်မြင့်လို့ဖြစ်မယ်…. 😀
Comment #5
ကိုလူဆိုး……..အစ်မရဲံ့ကဗျာတွေကိုအချိန်ပေးပီးဖတ်တာအရမ်းဝမ်းသာပါတယ်.
ကျေးဇူးလဲတင်တယ်….အချိန်ဆိုတာတန်ဖိုးအရှိဆုံးအရာလေ
ဒီတွက်ကျေးကျေးပါ….
Comment #1
ကောင်းတယ် .. အရမ်းကိုပဲ
တကယ်ကိုကြိုက်နေပြီ
မာမီ့ ကဗျာ တွေတော်တော်မြင့်တယ်