ကောင်းကင်မှာတိမ်ညိုတွေအုပ်မိုးလာတဲ့နေ့
ငါက…တိမ်တွေရဲ့မျက်ရည်နဲ့တည်ဆောက်ထားတဲ့မြစ်ကျိုးအင်းတစ်ခုဆိုရင်…..
အချိန်တန်တော့လည်းသူအပူတွေနဲ့..သူ…
ခန်းခြောက်သွားမှာပေါ့..မယ်တင်
မအောင်မြင်သေးတဲ့မြေရိုင်းတွေကို ခပ်တင်းတင်းစုတ်ကိုင်
ကောင်းကင်ကို မာန တစ်ခွဲသားနဲ့ဦးမော့
ပေစုတ်စုတ်နဲ့ တိမ်တွေ ခန ခန အရည်ဖျော်
ရာသီလွန်မိုးကို မျှော်ရတာ
တိမ်တွေကိုအားတုံ့အားနာ
ငါမြစ်ကျိုးအင်းမှာလွင်တီးခေါင်ဖြစ်လာတယ်…မယ်တင်
နင်မျှော်တဲ့…မိုး….
ငါမျှော်တဲ့….တိမ်
သဘောထားချင်းကွဲ အလွဲကြီးလွဲ ခဲ့တယ်
ဒီမှာ……မယ်တင်ရဲ့
နင်……..သိထားစမ်းပါ
နင်……..သိထားစမ်းပါကွယ်
တကယ်ဆို ကိုယ်ထမင်းကိုယ်စားပြီးကဗျာဆရာလုပ်ရတာ
ဘာမှမခတ်ပေမဲ့ခပ်နွမ်းနွမ်း ရင်ဘတ်အိုထဲမှာ
အန္ဒ ဆန်ဆန်နေတယ်လို့  နင်မတွေးနဲ့ပေါ့
ကဗျာဆရာဆိုတိုင်း ခြေသလုံးအိမ်တိုင်တွေလို့ နင်မတွေးထားတဲ့
တစ်နေ့ …..ငါကိုထွေးပွေ့ပါ မယ်တင်
အဲဒီလိုဘဲသူငယ်ချင်းတစ်ယောက်ရဲ့သက်တမ်းလွန်ဂစ်တာတစ်လက်နဲ့ သံစဉ်တွေငြီးရင်း
ရည်ရွယ်ရာမဲ့ကောင်မလေးတစ်ယောက်ရဲ့အပြုံးလေးကိုငေးရင်း
လူမွေးလူတောင်မပြောင်းသေးတဲ့ကဗျာတွေကိုရေးရင်း
တိမ်တွေပြိုလာမဲ့နေ့ကိုမျှော်ရင်း
ငါမြစ်ကျိုးအင်းကို အသက်ဆက်သွင်းထားမယ်
ငါကောင်းကင်မှာတိမ်ညိုတွေ အုတ်မိုးလာတဲ့နေ့တွေထိ…….. (12.9.2010)ခင်းခင်း
Comment #3
ကဗျာဆရာဆိုတိုင်းခြေသလုံးအိမ်တိုင်မထင်ပါနဲ့…………
ကြိုက်တယ်။။။။။။။
Comment #4
ကဗျာဆရာဆိုတိုင်း ခြေသလုံးအိမ်တိုင်တွေလို့ နင်မတွေးထားတဲ့
တစ်နေ့ …..ငါကိုထွေးပွေ့ပါ မယ်တင်
အဲဒီလိုဘဲသူငယ်ချင်းတစ်ယောက်ရဲ့သက်တမ်းလွန်ဂစ်တာတစ်လက်နဲ့ သံစဉ်တွေငြီးရင်း
ရည်ရွယ်ရာမဲ့ကောင်မလေးတစ်ယောက်ရဲ့အပြုံးလေးကိုငေးရင်း
လူမွေးလူတောင်မပြောင်းသေးတဲ့ကဗျာတွေကိုရေးရင်း
တိမ်တွေပြိုလာမဲ့နေ့ကိုမျှော်ရင်း
ငါမြစ်ကျိုးအင်းကို အသက်ဆက်သွင်းထားမယ်
ငါကောင်းကင်မှာတိမ်ညိုတွေ အုတ်မိုးလာတဲ့နေ့တွေထိ……..
Comment #7
Real life combine with nice creation
Comment #1
ဒီမှာ……မယ်တင်ရဲ့
နင်……..သိထားစမ်းပါ
နင်……..သိထားစမ်းပါကွယ်
တကယ်ဆို ကိုယ်ထမင်းကိုယ်စားပြီးကဗျာဆရာလုပ်ရတာ
ဘာမှမခတ်ပေမဲ့ခပ်နွမ်းနွမ်း ရင်ဘတ်အိုထဲမှာ
အန္ဒ ဆန်ဆန်နေတယ်လို့  နင်မတွေးနဲ့ပေါ့
ကဗျာဆရာဆိုတိုင်း ခြေသလုံးအိမ်တိုင်တွေလို့ နင်မတွေထားတဲ့
တစ်နေ့ …..ငါကိုထွေးပွေ့ပါ မယ်တင်
—————————
အဲဒီ့နေရာလေး ကြိုက်တယ်ဗျ