နင်မုန်းသည့်တိုင်
တွယ်တာမြတ်နိုး
တိတ်တခိုးဖြင့်
စိုးထိတ်ရင်ခွင်
ကြင်သည်းစိုင်တွင်း
အားနည်းချိနွမ်း
ခရီးကြမ်းတွင်
အလှမ်းကွာဝေး
ဆွေးစိတ်မပြေ
တမ်းတနေမိ
သူဘယ်သိမလဲ
ငါဧ။်အလွမ်း
ငါ့အနမ်းနှင့်
ငါ့ကျမ်းသစ္စာ
ကျိန်ဝံ့ပါဧ။်
ငါဧ။်မေတ္တာ
တစ်နေ့မှာတော့
သိရလိမ့်မည်
ရည်စူးရွယ်ကိုး
ချစ်လာနိုးစွာ
ထိုနေ့တာကို
ငါလေစောင့်မိ
အခုထိဖြင့်
နင်ဧ။်ပုံစံ
နင့်ပုံဟန်သည်
ပြာမကျခင်
မီးခဲသွင်သို့
ရဲရဲမာန
လွှားလွှား ထဧ။် ။
ငါဧ။်ရင်ခွင်
လောင်ကျွမ်းဝင်၍
ပူပင်သောက
ရင်မောရဧ။် ။
သောကတိမ်ဖုံး
လွမ်းမိုးခြုန်းဧ။် ။
ပစ်မုန်း၍လည်း မဖြစ်ပြီ ။
ကျစ်ထုံးဖွဲ့ကာ ရစ်နေသည် ။
နင်မုန်းသည့်တိုင် ချစ်နေမည် ။ ။
၃.၉.၂၀၀၉
စိုးရန်နိုင်ဦး
Comment #4
အားပေးသွားပါတယ်… မုန်းသည့်တိုင်ချစ်မယ့် ကိုစိုး၇န်နိုင်ဦး
By: genius.jinx28 at Feb 11, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းကောင်းပါတယ်
အားပေးပါတယ်