ဘ၀နိမ့်ပါး လူတန်းစား
ဘ၀နိမ့်ပါး လူတန်းစား
သင်္ခါရတရားး မသိငြား
အသိတရား လွန်ခေါင်းပါး
စာနာတရား ဘေးမှာထား
ငါနိုင် ငါစား ပြုသူများ
နောင်တတရား နောင်မှရ။
အတ္တမာန ဂုဏ်ဓနနဲ့
မောကိမာပျော်ရွှင် စည်းစိမ်ရှင်တို့
ဘ၀နိမ့်ပါး လူတန်းစားကို
လည့်စားခြယ်လှယ် ပြုလွယ်သည်
တို့တွေဘ၀ လေလွင့်ရပြီ။
ဂုဏ်ဓနမဲ့ သုညပဲမို့
ကိန်းဂဏန်းရှာ သူ့ကျွန်ပမာ
ကျွန်ငါမဟုတ် သခင်သမုတ်လို့
ငါတို့ကြိုးစား တိုးမပွားခဲ့
စိတ်နာနာနဲ့ ဖြေသိပ်ခဲ့
မရေရာဌာန ဖြေစရာမရ
မာနဌာနေ ရွက်လွင့်ကြ။
သူငါလူသား မေတ္တာမထား
သူတို့အတ္တ အစွန်းရောက်ကြ
ပကာသန အရှိန်ရ
ဂုဏ်ပါဝါကို ထုတ်ပြကြ
ပုံစံမကြ အကျည်းတန်းလှ။
လုပ်ရပ်တွေက ထုံးစံမပါ
ငါ့အတွက်ပဲ ကြည့်ကြတာ
စာနာသနား သူတို့မထား
မင်းတို့ ၀ါဒများ။
Comment #2
ဆက်ေ၇းပါ။ အားပေးနေပါတယ်။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အပြင်းစား ခံစားချက်တွေထင်ပ