နှမြောတယ်.
ခေါင်းဆယ်လုံးဒဿ
တစ်ခုတည်းသော
အသည်းနှလုံးနဲ့ 
တစ်ယောက်တည်းသော
သီတာကို
တစ်ဘ၀တစ်ခါချစ်မိရာက
ရာဇ၀င်လူဆိုး ဖြစ်သွားရတာ…။
မှားခွင့် ကြုံခဲ့ လျက်
ဲမြတ်နိုးစွာတန်ဖိုးထား
လက်ဖျားနဲ့  မရွယ်ရက်တဲ့
သူ့ ရဲ့ သစ္စာ ချစ်မေတ္တာ
မှတ်ကျောက်တင်ခံနိုင်သော်ငြား
ဘီလူးဖြစ်တဲ့  သူ့ ရဲ့ ဘဝ
ရာမရဲ့ ဇာတ်လမ်း
မျက်နှာပန်းလှဖို့ 
အဖြည့် ခံလူကြမ်းအဖြစ်
တိုင်းပြည်လဲဆုံး
အသက်ရှုံးခဲ့ ပါလျက်
ပြန်ရတာက
သီတာ့ အမုန်းတဲ့ လား…?
သုံးမရတဲ့  အချစ်တစ်ခုအတွက်
စတေးခဲ့ တဲ့  နင့်ရဲ့ အသက်
ငါနှမြောတယ်….ဒဿရယ်…။
Comment #2
mike hma mike pe.
i like,
By: ei lay at Aug 19, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်ဘ၀တစ်ခါချစ်မိရာက
ရာဇ၀င်လူဆိုး ဖြစ်သွားရတာ…။လူဆိုးလည်းအားပေးသွားပါတယ်နော် .. 🙂