ယိုင်လဲခြင်း
ပျိုး…..
တယုတယနဲ့..ယုယုယယပျိုးခဲ့ရတာပါ
ငါချစ်သူလေး….ရှင်သန်စေဖို့..
နင်လိုအပ်တိုင်း…အလိုရှိတဲ့အရာတိုင်း…
နင့်ထံအရောက်ဆောင်ယူနိုင်ဖို့
ငါ..ချွေးမြေကျအောင်.ကြိုးစားခဲ့တာ…
ရိုး……
နင့် ပြင်းထန်တဲ့စွပ်စွဲချက်တွေ
ငါ့ကို အနာကျင်ရဆုံးစကားလုံးတွေသုံး
ရက်ရက်စက်စက်…တိုက်ခိုက်ခဲ့တာ..
သရေ ကျဖို့ မက ရှုံးနိမ့်စေခဲ့တာ……
အနားမှ မရှိ…ဝေးရလေတိုင်း
ဆွေးနေရတဲ့..ငါ့မျက်ဝန်းတွေ…..
ဒီအလွမ်း..မျက်ရည်တွေကို…
မကာဆီး..မထိန်းချုပ်နိုင်တော့ဘူး……
ဝေး…….
ဝေးပါစေတော့…..ဘ၀တွေခြားသည်အထိ
ငါအနားမှာ တည်ရှိခြင်းက
ငါ့ချစ်သူအတွက်..အနာတရ….
ငါ့လွမ်းတေးတွေက
ငါ့ချစ်သူအတွက်…..သံသယ
ငါ့ချစ်ခြင်းတွေက…..
ငါ့ချစ်သူအတွက်…..အမှိုက်သက်သက်
……
နင်မရှိလို့ မဖြစ်တဲ့..ငါ
ငါရှိလို့..မဖြစ်တဲ့နင့်အတွက်…….
ဘယ်လိုမှ
ညှိမရတဲ့..ဒီသံယောဇဉ်လွန်ဆွဲပွဲမှာ…..
ငါတယောက်ထဲ..ရူးသွပ်ခဲ့သူမှာ
ကျန်ရစ်ခဲ့ခြင်းသာ….ငါ့ရဲ့ပန်းတိုင်ပါ။
Comment #2
မမိုး…အားပေးသွားပါတယ်။
Comment #4
ma moe yae..
ei lay a yan kyike de,,both title & poem.
Comment #5
:'(
:'(
:'(
Comment #6
Arr pay twar tal moe yay
Very good Gyi bay 🙂
Comment #8
မိုက်စ့်
Comment #1
နင်မရှိလို့ မဖြစ်တဲ့..ငါ
ငါရှိလို့..မဖြစ်တဲ့နင့်အတွက်…….
ဘယ်လိုမှ
ညှိမရတဲ့..ဒီသံယောဇဉ်လွန်ဆွဲပွဲမှာ…..
ငါတယောက်ထဲ..ရူးသွပ်ခဲ့သူမှာ
ကျန်ရစ်ခဲ့ခြင်းသာ….ငါ့ရဲ့ပန်းတိုင်ပါ။