အနာဂတ်မဲ့
မမြင်မတွေ့ရ မနေနိုင်……
အိပ်မက်ဆန်ဆန်…စကားတွေပြော..
ခပ်ကြမ်းကြမ်းချစ်ပြလိုက်တာ
မင်းပြောတဲ့ပုံပြင်ထဲ……
ဆောင့်ကြွားကြွားနဲ့..မင်းသမီးထင်
ငါ…မာန်တက်နေခဲ့ရတယ်
ဝေးသွားလည်း..မခွဲဘူး
နီးစပ်ဖို့..ခဏတာ ဆိုကာ
ဝေးဝေးပြေး…ဆွေးဆွေးကျန်ခဲ့အောင်
လွမ်းတေးဖွင့်ခဲ့တာများ……..
ယုံကြည်ချက်အပြည့်နဲ့…
အိပ်မက်တွေတောင်….
အပေါစားထင်……ညအိပ်တောင် အပြုံးမပျက်ဘူး။
ချစ်သူပြုံးမှ လန်းတဲ့ အပျော်
ချစ်သူပြောမှ…အမှန်တရား
ချစ်သူပို့တဲ့ mail က …ယုံကြည်ချက်
တယောက်ထဲကျန်
တယောက်ထဲရွက်လွင့်………
တယောက်ထဲ…အားတင်းထားပေမယ့်
တဖက်တည်းတီးလို့..လက်ခုပ်မမြည်နိုင်ခဲ့
အိပ်မက်တောင်..မမက်ချင်အောင်…
မျှော်လင့်ထားခဲ့လည်း….
ဝေးခဲ့တယ်ဆိုတော့……အေးခဲမှုတွေ…
မင်းအတွက်…နှစ်ခြိုက်လာပြီ
ဆွေးကျန်ခဲ့သူ……ဒီမျက်နှာလည်း
အရောင်မှိန်လို့…မင်းမေ့ချင်ပြီ
အမှန်တရား…..လက်ကိုင်ထားလို့
အမြဲတမ်းမှန်ချင်ခဲ့သူ…မင်းအတွက်
ငါ့ချစ်ခြင်းတွေ….
ငါ့လွမ်းဆွတ်မှုတွေနဲ့…..
ငါ့မျက်ရည်တွေက…..အကြီးမားဆုံးပြစ်ချက်
ချစ်နေတဲ့ဒီလူက…..အမှားကျူးလွန်သူ
..
မေ့လိုက်..မေ့လိုက်ပါ
မုန်းစမ်း..မုန်းလိုက်စမ်းပါ….
မာန်အားတင်းပြီး……ငါဟစ်ကြွေးမယ်
သွား….ငါမဟုတ်တဲ့အခြားရင်ခွင်ကို
ဝေး..ငါတို့ ခဏအတွက်..မဟုတ်..တဘ၀လုံးစာ…
အားမတန်..မာန်လျော့…
မချစ်တော့ပါဘူး….ဆိုတဲ့သူအတွက်
မျက်ရည်ဆိုတာ…….မမြင်အပ်တဲ့အရာ…..
အိပ်မက်တွေ…ပြန်ရှာ….အတိတ်ကိုမုန်းတီး
လက်တွေ့က……နာကျဉ်းချင်းပြည့်နှက်
အနာဂတ်တွေ….တိမ်ညှိမှိုင်းခဲ့တဲ့နောက်တော့
မင်းထားခဲ့တဲ့….ဒီနေ့အတွက်
မနက်ဖြန်မှာ……ငါမငိုဖြစ်အောင်……. !!!
Comment #1
ကောင်းလိုက်တဲ့ကဗျာပါပဲ