ပုရွက်ဆိတ်ပုံပြင်
ပုရွက်ဆိတ်လေး အချိုရှာနေတယ်
မင်းကလဲ အပျော်ရှာနေတယ်
ပုရွက်ဆိတ်လေး သကာတွေ့ သွားတယ်
မင်းကလဲ joker (ငါ) နဲ့ တွေ့ တယ်
ပုရွက်ဆိတ်လေး သကာစားနေပြီ
မင်းကလဲ ငါ့ကိုကစားနေပြီ
အပျင်းပြေ စိတ်ကောက်ပြတယ်
အတင်းကို ချော့ဖို့ ခိုင်းတယ်
မင်းအကြိုက် လိုက်လုပ်ရတယ်
ဟော………………………
သကာမှာ အချိုကုန်တော့
ပုရွက်ဆိတ်လေး ထွက်ခွာသွားတယ်
ပုရွက်ဆိတ်လေး ထွက်ခွာသွားတယ်
ငါ့ဆီမှာ ပျော်စရာကုန်တဲ့အခါ
မင်း…………….. ဘာလုပ်မှာ?
မတွေးတောမိဘဲ
ပျော်ရွင်စေရန်
ပေးဆပ်မိနေဆဲ……။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
wowwwwwwwwwww
mike de kwar