ပဟေဠိတဲပုတ်(စဉ်းစားကြမယ်၊ ထင်ရာတွေဖြေကြမယ်) အစီအစဉ် 10.. :P
အစီအစဉ် 10 ပါ။ အစီအစဉ် 07 မှာ ဖြေထားတဲ့ ဖြေဆိုသူတွေရဲ့ အဖြေတွေနဲ့ အဖြေမှန်တွေ အရင်ဖော်ပြပေးပါမယ်။
1. ဖြိုး 2. nyanlynnmin (1Star) 3. minmin20
2. လေ 1. ဖား 1.ခြင်ထောင်
5.မင်းအတွက်ခံစားမှု 2.ဟိုက်ထရိုဂျင်
အဖြေမှန်တွေက
1. ဖား။
2. အပေါက်(ရေရှိတဲ့စည်ပိုင်းမှာ အပေါက်ရှိရှင် ရေတွေက စိမ့်ထွက်ပြီး လျော့သွားမှာပေါ့)။
3. မစဉ်းစားနိုင်ပါ။(ဟုတ်တယ်လေ ဘယ်လိုမှ အစပ်စပ်မရှိတဲ့ ပဟေဠိကို ဖြေဖို့ စဉ်းစားစရာမလိုပါဘူး)။
4. တိတ်တိတ်နေပါ။
5. ပညာ၊ ကိုယ်ကျင့်သိက္ခာ။
လွယ်လွယ်လေးတွေပါနော် 🙂
အစီအစဉ် 10 ရဲ့မေးခွန်းတွေပါ။
1. တစ်ကယ်လို့ လူတစ်ယောက်ဟာ တစ်နာရီကို နှစ်မိုင် လမ်းလျောက်နိုင်တယ်ဆိုရင်
ကိုးနာရီပြန်အိပ်ပေးဖို့ လိုအပ်ပါတယ်။ သူဟာ မိုင်ပေါင်း 3000 ကွာဝေးတဲ့
New York ကနေ Los Angeles မြို့ကို သွားမယ်ဆိုရင် အမြန်ဆုံးဘယ်လောက်နဲ့ ရောက်နိုင်မလဲ ?
2. ဦးမောင်မောင်ဟာ အသက် 52 ရှိပါပြီ။ သူ့အဖေဟာ အသက် 78 နှစ်ရှိပါပြီ။
လွန်ခဲ့တဲ့ ဘယ်နှစ် နှစ်က သူ့အဖေရဲ့အသက်ဟာ သူ့အသက်ရဲ့ သုံးဆ ဖြစ်နေပါသလဲ ?
3. တကယ်လို့ သင်ဟာတစ်နှစ်ကို 50%တိုးပွါးအောင်လုပ်နိုင်ပြီး
နောင်နှစ်မှာ လေးပုံသုံးပုံ ပြန်လည်ဆုံးရှံးသွားတယ်ဆိုရင်
သင်ရှာနေသောစီးပွားက
(A)မူရင်းက မူရင်ပဲ
(B)မူရင်းထက် တိုးပွါးလာသည်။
(C)မူရင်းထက် လျော့နည်းသွားသည်။
အဖြေမှန်ကို ရွေးပေးပါ။ ( which and why ? )
4. ဖေနှစ်ယောက်နဲ့ သားနှစ်ယောက်ဟာ ငါးဖမ်းသွားကြပါတယ်။
သူတို့ဟာ ငါးတစ်ကောင်စီမိပါတယ်။ ဒါပေမယ့် အိမ်ပြန်လာတော
ငါးက သုံးကောင်ပဲ ပါလာပါတယ်။ ဘာဖြစ်လို့ပါလဲ ?
5. သင်ဟာ တစ်ပတ်အတွင်း နေ့ငါးနေ့ရဲ့ နာမည်တွေကို ဖော်ပြပေးနိုင်မလား ?
ဒါပေမယ့် ( တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေ နဲ့ တနင်္ဂနွေ
ဆိုတဲ့ နာမည်တွေကို မသုံးရပါဘူး။ ) ဒါလေးက လွယ်ပါတယ်နော် 🙂
Good Luck 🙂
Comment #2
4 အဖိုးရယ်အဖေရယ်သားရယ်ဆိုတော့ အဖေနှစ်ယောက်သား2ယောက်ပေါ့
5today , yesterday , tomorrow, week ,weeked
Comment #1
1. အမြန်ဆုံးဆိုရင် တစ်နာရီတောင်မကြာပါဘူး.. (လေယဉ်နဲ့)
4.ဘာလို့လဲဆို အဖေနှစ်ယောက်ဆိုတာက အဖိုးနဲ့ (အဖိုးရဲ့သား) အဖေ၊ သားနှစ်ယောက်ဆိုတာက ခုနကအဖိုးရဲ့ သားနဲ့ သူ့ မြေး။ တကယ်စုစုပေါင်းက သုံးယောက်ပဲရှိတာ။ အဖိုး၊ အဖေ၊ သားရယ်…။ ဒီတော့ သုံးကောင်ပါလာမှာ။