လိုအပ်ချက် (မနော်ဟရီ)
နောက်ဆုံးတေးသွားများနှင့်ကျဉ်းမြောင်းလိုက်ရသော
ငါ့အနာဂါတ်..
ငါတကယ်ချစ်တတ်ခဲ့တာပါ…။
ယုတ္တိယုတ္တာတွေဟာလိုအပ်လို့ လား
နတ်သိကြားတို့ ၏အကူအညီနှင့်
ရင်ထဲကကျောက်ဖျာပဲတင်းစေချင်..။
ခဏမေ့ထားလိုက်ပါ
” ချစ်ခြင်းမေတ္တာ” ဟာမာယာတွေလောက်အရေးမပါမှတော့
တစ္ဆေတွေဆော့ကစားတဲ့ပွဲမှာ
တရားခံဆိုတာလည်းမရှိနိုင်တော့…။
ဆောက်ချက်မိထားပြီဖြစ်သောသက္ကရာဇ်
တဖျတ်ဖျတ်လွင့်ဝဲနေသောရက်စွဲများ
မြူခိုးများနှင့်ထူထပ်နေသောသံသရာ
ဒါဏ်ရာတွေကပိုချိုလာတယ်…။
တတိတိလွင့်စင်ပဲ့ပါသွားသော
မျှော်လင့်ချက်
စွဲချက်တွေအထပ်ထပ်နဲ့ တရားခံ
အမှန်တရားသာပါခဲ့ရင်
ကြိုးစင်ဝင်ပြီးလောက်ပြီ..။
ခန်းနားသပ်ရပ်
ကြီးကျယ်မြင့်မြတ်လှတဲ့ဘီလူးဇာတ်
Cut….။
နတ်ကောင်းနတ်မြတ်များ၏မှိုင်းမမှုဖြင့်
အော်စကာတွေ..အကယ်ဒမီတွေအကြိမ်ကြိမ်ရ
တစ်ချိန်ကဇာတ်တော်ထဲကဗီလိန်
မိန်ရာသီရဲ့နောက်ဆုံးခရီးသွားလက်မှတ်
ပြတ်သားတတ်မှုများ
ငါ့အားပေးခဲ့ပါ..။
မနော်ဟရီ
/* ကဗျာဆရာတွေဖြစ်တဲ့ ဧထက်၊မနော်ဟရီ၊စမ်းသီတာ တို့ရဲ့ “မြစ်ကျဉ်းသုံးခု” ဆိုတဲ့ ကဗျာစာအုပ်ကပါ */
ကိုယ်တိုင်ကိုယ်ကျ ရိုက်ပေးချင်ပင်မယ့် ရိုက်ပြီးသားရှိတဲ့ စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ဒီနေရာကနေ သွားဖတ်ရင်း ပျော်ပျော်ကြီး copy ကူးပြီးတင်တာပါ..
Comment #2
ကြိုက်တယ်။

Comment #3
တတိတိလွင့်စင်ပဲ့ပါသွားသော
မျှော်လင့်ချက်

Comment #4
” ချစ်ခြင်းမေတ္တာ” ဟာမာယာတွေလောက်အရေးမပါမှတော့
တစ္ဆေတွေဆော့ကစားတဲ့ပွဲမှာ
တရားခံဆိုတာလည်းမရှိနိုင်တော့…။

Comment #1
သို့..ဖြိုးဖြိုး
ပျော်ပျော်ကြီးကူးထားတဲ့ကော်ပီကို…
ပျော်ပျော်ကြီးဖတ်သွားကြောင်းပါ…။။။
ချစ်တဲ့
မမရာ