စိတ်ကူးသက်သက်
ရင်ထဲက အချစ် သက်သေပြဖို့
ငါအားထုတ်ခဲ့တယ် . . .
အချိန်တန်တော့ နွားပိန်
ကန်မယ်ပေါ့…
ရာသီအလီလီပြောင်း
နှစ်တွေညောင်းတော့
အခွင့်အရေး ရပြီပေါ့ . . .
အဟား . . .
ပျော်လိုက်တာ . . 🙂
ငါ့ရဲ့ ချစ်ခြင်း …သူ သိစေဖို့
ဖွင့်ဟတော့မယ် . . .
နာရီ လက်တံ ကုဋေတစ်သန်းဖြတ်လည်း
ချစ်ခြင်းမပျက် ငါ့ရဲ့အသည်း ခိုင်ခံ့ပါကြောင်း…
သို့သော်…….
သို့သော်………………
ဟာ…………. တွေ့ပြီ
ဟိုမှာ အမိ ဗိုက်တလုံးနဲ့ ကလေးတစ်ဖက်ဆွဲလို့…. 🙁
ကြွေပေါ့ ငါ့အသည်း ဟန်ဆောင်အပြုံး ငါ့နှုတ်ခမ်းထက်
တန်ဆာဆင်လည်း မဖုံးမကွယ်နိုင် ငါ့မျက်လုံးက
ကဏှာမငြိမ် မျက်ပြူးဆန်ပြူး ဖြစ်ခဲ့မိတော့
သူ့ရဲ့ ရှေ့မှောက်
အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပြန်ပါတကား… :'(
(21-10-2010)
Comment #4
kwi,,kwi,,.
phyit ya lae kwe,
😛
By: ei lay at Jul 10, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so pity………….