အကြင်နာ – နရီထက်
ဖွင့်ဟ ပြောဆိုတတ်မှ
နားလည်လွယ်ခဲ့ရရင်
ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်း
ရင်ထဲမှာ မျိုသိပ်ကာ
အကြင်နာပို ဂရုစိုက်တတ်မှုတွေနဲ့
အရိပ်တကြည့်ကြည့်
စောင့်ရှောက်နေမှုက
ရင်ထဲက ပြသလှစ်လိုက်တဲ့
အချစ်ဆိုတဲ့ အဖြူလေးသက်သက်ပါ။ ။
နရီထက်
( ၂၄ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service