ကောင်းကင်မဲ့  …လူ
ငါဘဝရဲ့ အထင်ကရ ညတွေကို
နင်ခိုးယူစားသုံးပြီးနောက်
ငါဟာ…နေ့  နဲ့  ည မှား
နေ နဲ့  လ လွဲလို့ 
အမြီးဖြတ်ခံလိုက်ရတဲ့ 
ပုစဉ်ရင်ကွဲတစ်ကောင်လို
ပျံသန်းခဲ့ ရတယ်…………..
နောက်ကျောဆီက “ဓါး” သံလား
လိပ်ပြာတောင်ပံခတ်သံလား
နင်…ရင်ထဲကအငွေ့ တန်းက
နတ်သမီးယောင်ဆောင်တဲ့ 
မာနတ်ရဲ့ စေတမန်ဆိုတာ
ငါ….နှလုံးသားသာသိခွင့် ၇ှိခဲ့ ရင်
ချစ်သူ….သေချာတယ်ငါဘယ်တော့ မှ
ဒွေးမယ်နော် ဇာတ်ထုတ်ကို
မကြည့် ခဲ့ ပါဘူး……………
ဒဏ်ရာအတိမ်အနက်ကိုလည်းမမေးနဲ့ 
ရင်ခုန်သံကိုလည်းမတိုင်ထွာနဲ့ 
ဘာအတွက်မှလည်းမျက်ရည်ကျမပြနဲ့ 
ဘာကြောင့် မှလည်း ပြန်လည့် မကြည့် နဲ့ 
နင်…ချည်နှောင်ခဲ့ တဲ့ 
သံယောဇဉ်ဆိုတဲ့ အမှိုက်တစ်စတောင်
ငါ..ကမ္ဘာပေါ်ကရှင်းလင်းသွားပါ…………
နင်..စိတ်ကူးတစ်ချို့ အတွက်
ရင်ဘတ်ကြီးထိုးခံလိုက်တဲ့ 
ငါရဲ့ …ကတ္တရာအိမ်မက်ကို
ငါ..ပက်ပက်စက်စက်မုန်းတယ်
နင်..မယုံကြည်တဲ့ တိမ်တိုက်အချို့ ကို
ငါ…ထိုင်ကြည့် ရင်
နင်ရဲ့ ..စွန်ခွာခြင်းကို
ဟားတိုက်ရယ်ပါရစေချစ်သူ……….
Comment #1
ကဗျာလေးကောင်းပါတယ်အကို..ခံစားချက်အပြည့် ပဲနော်……