အရူးသုံးယောက်စကားဝိုင်း
အရူးသုံးယောက်စကားဝိုင်း
အကြောင်းတိုက်ဆိုင် ဖို့မလို
အငွေ့ပျံပျောက်ဆုံးလွယ်တဲ့ အရာတွေကို
တစ်သက်စာ မြဲတဲ့ပုံဆောင်ခဲ လိုလိုတည်
အာပေါင်အာရင်း သန်သန် ငြင်း
မကြေ နပ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောကြပါ
ရန်ဖြစ်ကြပါ
ပက်ပက်စက်စက် လည်းပြောနိုင်တယ်
ဘော့ကစ ထဲထည့်ပြီး အိမ်သယ်မသွား မသိမ်းထားနဲ့ 
ဥရောပမဟုတ် မြန်မာမစစ်
ကလေးမဟုတ် လူကြီးမပြစ်
အပြစ်သားတွေလား
ကော်ဖီ သောက် အသေပြော မမော
အရူးသုံးယောက်
ကဘောက်တိကဘောက်ချာဝိုင်း
ဓာတ်ပုံရိုက်ပြီးယူ
အဲသဟာ မှတ်တမ်း
ဒီနေ့ အဖို့
နောက်တော့လဲ မေ့ မှာပဲ။ ။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘော့ကစ = box (he he..it’s so difficult to type in burglish engine)