ကျောခြင်းကပ် လက်တကမ်းစာ
လွမ်းလိုက်တာဟာ ….. နင်မရှိတဲ့အရပ်မှာ အရာရာ ငါချိနဲ့လို့
အနားမှ နင်မှမရှိတာဟာ…… အခုဆို ထားသွားပြီဆိုတဲ့အသိနဲ့…….
ငါအရာရာကိုရပ်ကြည့်နေတတ်ပြီ
ဘေးနားလှည့်ကြည့်ရင်တောင် ငါ့အရိပ်နဲ့ ငါ …………….
ဗလာခြင်း ကျောခြင်းကပ်လို့ ညီမျှခြင်းထပ်လိုက်တယ်
နင်မရှိတဲ့အရပ် နင်မရှိတဲ့ရက်တွေမှာ
နင်မသိတဲ့ပြသနာတွေကို နင်မသိအောင် ငါဖြေရှင်းတတ်နေပြီ ချစ်သူ
ရင်ထဲတော့ မချိဝူးပေါ့ဟာ……..နင်သိနိုင်ခဲ့ရင် မပျော်မှာစိုးတဲ့စိတ်နဲ့………………..
နှုတ်ခမ်းတစ်စုံထဲနဲ့လွမ်းတယ်ဆိုရင် ငါနင်ယုံအောင်ရူးပြလိုက်ချင်တယ်
နင်သိလား………………..ချစ်သူရယ်
ကမ္ဘာဆိုတာ နင်တစ်ယောက်မရှိတော့ အစိမ်းရောင်လွင်ပြင်ကြီးသာသာပါပဲ
ပေါလိုက်တဲ့မေတ္တာတရားဟာ……၀ယ်လို့လည်းမရ ငှားဖို့လည်းမတွေ့ …..
နောက်ဆုံးတော့ ချောင်တချောင်မှာ ငါလိုကောင် ခပ်ခွေခွေလေး အိပ်နေလိုက်တယ်
အပေါစားဆန်နေတဲ့နွေကလည်း ရင်ခွင်ကို လွမ်းလောက်အောင် အဖျားခတ်လေရဲ့
ခဏခဏ လက်တက်တဲ့လျှပ်စီးတွေကြားမှာလည်း နင့်မျက်နှာလေးကလက်လို့
ငါနွေခေါင်ခေါင် နေပူပူအောက်မှာ မိုးတွေလည်းမိတတ်လာတယ်
အရာရာ ခဏဆိုတဲ့နောက် ငါကျပျောက်သွားတဲ့ အိပ်မက်တွေကြားမှာ
နင်ဆိုတာ ကဗျာရေ …….. ငါ့အတွက်တော့ ………ကျောခြင်းကပ် လက်တကမ်းစာ
Comment #3
“နင်မရှိတဲ့အရပ် နင်မရှိတဲ့ရက်တွေမှာ
နင်မသိတဲ့ပြသနာတွေကို နင်မသိအောင် ငါဖြေရှင်းတတ်နေပြီ ချစ်သူ
ရင်ထဲတော့ မချိဝူးပေါ့ဟာ……..နင်သိနိုင်ခဲ့ရင် မပျော်မှာစိုးတဲ့စိတ်နဲ့…”
“ပေါလိုက်တဲ့မေတ္တာတရားဟာ……၀ယ်လို့လည်းမရ ငှားဖို့လည်းမတွေ့ …..”
မိုက်လယ်ဂျာ @_@

Comment #5
နင်မရှိတဲ့အရပ် နင်မရှိတဲ့ရက်တွေမှာ
နင်မသိတဲ့ပြသနာတွေကို နင်မသိအောင် ငါဖြေရှင်းတတ်နေပြီ ချစ်သူ
ရင်ထဲတော့ မချိဝူးပေါ့ဟာ……..နင်သိနိုင်ခဲ့ရင် မပျော်မှာစိုးတဲ့စိတ်နဲ့………………..
နှုတ်ခမ်းတစ်စုံထဲနဲ့လွမ်းတယ်ဆိုရင် ငါနင်ယုံအောင်ရူးပြလိုက်ချင်တယ်
နင်သိလား………………..ချစ်သူရယ်
ကမ္ဘာဆိုတာ နင်တစ်ယောက်မရှိတော့ အစိမ်းရောင်လွင်ပြင်ကြီးသာသာပါပဲ
ပေါလိုက်တဲ့မေတ္တာတရားဟာ……၀ယ်လို့လည်းမရ ငှားဖို့လည်းမတွေ့ ….. 🙁

Comment #1
နွေခေါင်ခေါင် နေပူပူအောက်မှာမိုးတွေလည်းမိတတ်လာတယ်…….
ဂွတ်တယ်ဗျာ….အစ်ကိုတော်သားသားရေ…..