လင်းနေပါဦး – သစ်ပင်
လင်းနေပါဦး
အလင်းလေးရေ………
မပီကလာ ပီကလာ
တီတီတာတာ စကားသံတွေ
နားထောင်ရတာ မ၀သေးဘူး ။
အလင်းလေးရေ…………..
ဘောင်းဘီရှည်လေး
ခေါက်ပါဦးလို့ 
ငါဘယ်သူ့ ကိုပြောရမလဲ ။
အလင်းလေးရေ……………..
ငါအဆင်မပြေတဲံအခါ
စိတ်ညစ်တယ်လို့ 
ငါဘယ်သူ့ ကိုပြောရမလဲ ။
အလင်းလေးရေ………………..
အားငယ်နေရင်
နှစ်သိမ့်စကား
ဘယ်သူ့ ဆီက ငါကြားရမလဲ ။
အလင်းလေးရေ…………. လင်းနေပါဦး ။
နေ၀င်သွားလဲ လင်းနေပါဦး ။
လ မိုက်နေလဲ လင်းနေပါဦး ။
လရောင်ရှိလည်း လင်းနေပါဦး ။
နေရောင်ရှိလည်း လင်းနေပါဦး ။
ကလေးဆန်လွန်းတဲ့
ပုံရိပ်တွေကိ မျက်ကွယ်ပြုဖို့ 
အဆင်သင့် မဖြစ်သေးလို့ 
ငါ့အနားမှာဆက်ပြီး ……..
. …………………………
အမြဲ တမ်း ထာဝရ
လင်းနေပါဦး။ ။
သစ်ပင်