~~~ အသံတိတ် ဇာတ်လမ်း ~~~
တိတ်တိတ်လေးပါပဲ
တိုးတိုးလေး
ကြေကွဲတယ် …
နင်သိစရာ မလိုအပ်ဘူး
နင်သိမှာလည်း မဟုတ်ဘူး။
တိတ်တိတ်လေးပါပဲ
ငြိမ်ငြိမ်လေး ထိုင်ပြီး ငေးကြည့်နေတယ် …
ငါလား အချစ် ဆိုတာကို
ဘာမှန်းမသိတဲ့ကောင်ပါ
ဒါပေမယ့်
နင်ပျော်တာကို အမြဲမြင်ချင်တဲ့သူ
နင်စိတ်ညစ်တဲ့အခါ ငါ့ကိုယ်ငါ
အပြစ်သားတစ်ယောက်လို
သတ်မှတ်မိတဲ့သူ။
ဟင့်အင်း
နင့်ဆီက ငါဘာမှ မလိုချင်ဘူး
တောင်းဆိုဖို့လဲ အခွင့်မရှိပါဘူး
နင့်အပြုံးတစ်ချက်နဲ့
ငါ ကျေနပ်ပါတယ်။
ဒါပါပဲလေ …
ငါ့ခံစားချက်တွေက
နင်မသိနိုင်လောက်အောင်
တိုးတိတ်လွန်းခဲ့ပါတယ်။
ဖွိဖောင်း
Comment #3
ကောင်းတယ်ဗျာ ကဗျာက
ကျွန်တော့်အဖြစ်နဲ့ ဆင်တယ်
ကျေးဇူးတင်ပါတယ်ကဗျာရေးတဲ့သူကို
လူချင်းမသိပေမယ့် လေးစားပါတယ် ကျေးဇူးလဲတင်ပါတယ်
Comment #4
အဲဒီကဗျာကို ကျွန်တော်လူတစ်ယောက်ဆီကိုပို့ပေးပါရစေဗျာ
ကြိုက်လို့ပါ
ကျွန်တော်က ကဗျာမေ၇းတတ်လို့ပါ
ကျွန်တော်ခွင့်တောင်းပါတယ်ခင်ဗျာ
Comment #7
excellent.
excellent.
excellent.
Comment #10
ကဗျာက ရိုးရိုးလေးနဲ့လှတယ်
တိတ်တိတ်လေး ရင်ခုန်ခဲ့ရတယ်ဆိုတဲ့သဘောနဲ့တူတယ်ဗျာ
ကဗျာဆရာရေးတယ်ထင်တာ ကဗျာဆရာမရေးတာကိုး
ဘယ်သူရေးရေးပါ ကဗျာကောင်းလေးမို့ ခံစားအားပေးသွားတယ် ။
Comment #11
really really like so much
Comment #12
super… super…. perfect .
Comment #13
တိတ်တိတ်လေးပါပဲ
တိုးတိုးလေး
ကြေကွဲတယ် …
Comment #1
ငါလား အချစ် ဆိုတာကို
ဘာမှန်းမသိတဲ့ကောင်ပါ
ဒါပေမယ့်
နင်ပျော်တာကို အမြဲမြင်ချင်တဲ့သူ
နင်စိတ်ညစ်တဲ့အခါ ငါ့ကိုယ်ငါ
အပြစ်သားတစ်ယောက်လို
သတ်မှတ်မိတဲ့သူ။
…………..
ကောင်းတယ်