လှိုင်းထန်ပင်လယ် သို့ ဘဝ
ကျောချမှ ဓါးပြမှန်းသိတာ မဟုတ်ပါဘူး။
ပြောပြဖို့မလိုအောင် ထင်ရှားလွန်းနေတာပါ။
လက်ခံဖို့ စိတ်ကူးမရှိပေမယ့်
ဆက်ရန်ရှိတဲ့ မနက်ဖြန်တွေအတွက်
ငဲ့သင့်တဲ့မျက်နှာလေးတွေကိုပဲ
ပြန်ကြည့်နေရတယ်။
ကဲ ဘ၀ကြီးရေ..
ဆက်ပြီးသာ လှိုင်းထန်နေပေတော့။
အစုန်ရော အဆန်ရော ဂျွမ်းပြန်အောင် ငါကူးပြမယ်။
ဒါဘ၀ပဲမဟုတ်လား။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဲ ဘ၀ကြီးရေ..
ဆက်ပြီးသာ လှိုင်းထန်နေပေတော့။
အစုန်ရော အဆန်ရော ဂျွမ်းပြန်အောင် ငါကူးပြမယ်။
ဒါဘ၀ပဲမဟုတ်လား။
..ကြိုက်တယ်