“ တိတ်ဆိတ်ခြင်းရဲ့ အသံ ”
ငါ့ ကမ္ဘာမှာ ငါနေတာ
ဘာကို . . .ငါ ကြောက်ရဦးမှာလဲ . . .။
အဲဒီလို . . .
ကိုယ့်ကိုကိုယ် ရဲဆေးတင်လိုက်တိုင်း
ကန့်ကွက်တဲ့ ငါ့အသိဥာဏ်တွေ
တခါတခါကျ . . .
ငါ သိပ်မုန်းတာပဲ . . .။
တကယ်တမ်းတော့
ငါ့ကမ္ဘာမှာ ဘာမှရှိမနေဘူး၊
နတ္ထိသဘောဆောင်တဲ့ သုညလိုကောင်ကိုတောင်
ငါက လက်ခံခဲ့တာ မဟုတ်၊
ငါ့ကမ္ဘာဟာ တိတ်ဆိတ်ခြင်းတွေအပြည့်
“ ငါ့ကမ္ဘာမှာ ငါနေတာ ဘာကို ကြောက်နေရဦးမှာလဲ. . . ”
အားပါးတရ ဟစ်ကြွေးသံကိုတောင်
ပြန်မကြားရလောက်အောင်ပါပဲ . . .။
ဆူး
Comment #2
ကောင်းပါ၏………..
By: moehetaung18 at Nov 25, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ်တမ်းတော့
ငါ့ကမ္ဘာမှာ ဘာမှရှိမနေဘူး၊
နတ္ထိသဘောဆောင်တဲ့ သုညလိုကောင်ကိုတောင်
ငါက လက်ခံခဲ့တာ မဟုတ်၊
ငါ့ကမ္ဘာဟာ တိတ်ဆိတ်ခြင်းတွေအပြည့်
“ ငါ့ကမ္ဘာမှာ ငါနေတာ ဘာကို ကြောက်နေရဦးမှာလဲ. . . ”
အားပါးတရ ဟစ်ကြွေးသံကိုတောင်
ပြန်မကြားရလောက်အောင်ပါပဲ . . .။