မာတိကာမရှိတဲ့ အကြောင်း အရာ
အမြဲ ဆာလောင်နေတဲ့ အစာအိမ်လို
မပြည့်နိုင်တော့တဲ့ အိုးတွေလို
လူဆိုတဲ့ သတ္တ၀ါ တွေကြားမှာ
အဆီနဲ့ အသား စား ကြီးထွားလာတဲ့အခါ
တစ်စ တစ်စ ပါးလျှစ ပြုလာတဲ့ မေတ္တာ တရားလေးလဲ
သူအလိုလို ပျောက်ရှရတာပါပဲ ။
လူ့ အဖြစ်ရဲ့ သေးငယ်ပုံ နဲ့
ကမ္ဘာကို ၀ါးမြိုချင်တဲ့ လိုအင်မပြည့်မှု
ဖြည့်တင်း ဖြည့်ဆည်းလို့ မရတော့တဲ့အခါ
ငါတို့ရဲ့
ကျောက်သား ကျောက်စိုင်လို
သံမဏိ သံတိုင်တွေလို ခိုင်မာမဲ့ ခိုင်မြဲမဲ့
သစ္စာ တရားဆိုတာကလဲ
ရာသီဥတု ဖောက်ပြန်သလိုမျိုး ဖောက်ပြန်ရဲ့ မဟုတ်လား ။
စိတ် အပျက်အဆီး ပုံကြီးထဲ
ငါတို့က ဆင်ကန်းတစ်ကောင် တောတိုးသလို
ဖျာလိပ်ခေါင်းထဲ ၀င်မိတဲ့ ခွေးတစ်ကောင်လို
နောက်ဆုတ်လဲ မရ ရှေ့ တိုးလဲ မလှ
ငါတို့မှာ အတ္တတွေ ဆူးဝင် စိုက်ဝင်
နာကျင်ရ နာကျည်းရ
ကြင်နာ တာတွေကတော့
အလင်းအားနည်း တဲ့ မီးလုံးတွေလို ခပ်မှိန်မှိန်ရယ်ပါ။
ဖောက်ပြန်လာတဲ့ ညနေခင်းကလဲ
မာကျူရီမီးအောက်မှာ .
ကားမှတ်တိုင် က ထိုင်ခုံတွေပေါ်မှာ
အဆင့်မြင့်မြင့် ဆိုဖာခုံတွေပေါ်မှာ
ငါတို့က ..
စိတ်ကို လွှတ်ချ ချင်တိုင်း လွှတ်ချကြ
လဲပြိုချင်တိုင်း လဲပြိုကြ
အဓိပ္ပါယ်တွေကို မှာယွင်း ကောက်မိကြနဲ့
ငါတို့ ကမ္ဘာ ဟာ
အမှိုက်ပုံ ကြီး တစ်ခုမျှသာ ဖြစ်လာတဲ့ အခါ
ငါတို့ ဖြစ်တည်မှု ဟာ ပြာမှုန် တစ်စလို
မြေမှုန် တစ်မှုန်လို လွင့်ပါး ကြရတာပါပဲ ။
မိုးသစ်ညို
Comment #1
သဘာဝ တရားရဲ့ အမှားအယွင်းများပေါ့လေ .. ခံစားရပါတယ်..