ကျွန်တော့်လွမ်းတောထဲက ဆောင်းပ၀ါစ
ဝး၀၁ ည………..
အိမ်မက်တွေခလုပ်တိုက်
ခပ်ငိုက်ငိုက်လေးလဲကျ
(ကျွန်တော့်လွမ်းတောထဲ…..)
ဆောင်းပ၀ါစလေး ကျကျန်ရစ်ခဲ့တယ်
မနှစ်ကဒီလိုညမှပဲ
ဆောင်းပ၀ါစလေးတစ်ခု ကောက်ရခဲ့ဖူးသေးတယ်
နှင်းတွေပိုသီဖက်သီနဲ့ ပေါ့………
ဝး၀၂ ည……….
ကတိုက်ကရိုက် ည………..
………………………………………
အလောသုံးဆယ် ည………
……………………………………….
ဖုတ်ပူမီးတိုက်ည…………
………………………………………..
လွမ်းတဲ့ ည………….
…………………………………………
မလွမ်းတဲ့  ည……….
………………………………………….
လမင်းသာတဲ့ ည……..
……………………………………………
လမင်းမသာတဲ့ ည…….
…………………………………………….
(ဘယ်လိုညပဲဖြစ်ဖြစ်………)
နှင်းတွေကတော့ အမြဲတမ်းကျတယ်
ဝး၀၃ ည………
အနာဂတ်တွေမှောင်မည်း
မှောင်မည်းခြင်းတွေ မည်းမှောင်
ရင်ခုန်သံ တရှောင်ရှောင်နဲ့ 
နလန်ထရင်ဘတ်
ဒဏ်ရာတွေပဲချဉ်ချင်းတပ်တယ်
(ညဖက်……..)
အပြင်သိပ်မထွက်တော့တာကောင်းမယ်
ဝး၀၄ ည……….
ဆောင်းပ၀ါစလေးအကြောင်းပြန်ဖော်တွေးမိရင်
ကျွန်တော်သိပ်မပျော်ချင်တော့ဘူး
တောင်လွမ်း မြောက်လွမ်းနဲ့ 
(ဟိုဖက်ကမ်း ဒီဖက်ကမ်း)
လွမ်းသလောက် လမ်းလျှောက်ရင်း
အခုလည်းကြည့်………….
………………………………………..
နောက်ပ၀ါစလေးတစ်ခု
ထပ်ကောက်ရပြန်ပြီဗျာ………..
………………………………………….
ဟိုတစ်ခါပ၀ါစလေးလိုပဲ
ကျွန်တော့်မျက်နှာကို ရိုက်ခတ်…….
……………………………………………
အပြုံးတွေအေးစက်စေဦးမှာလားလို့ 
(စိုးရွံ့ မိသေးတယ်………..)
ဝး၀၅ ည………..
အဲဒီ့ညတွေထဲ
နှင်းတွေအဆက်မပြတ်စီးဆင်း
ဆောင်းပ၀ါစတွေ တလူလူလွင့်ဝဲ
(ကျွန်တော်……….)
လူလို သူလိုလွမ်းခဲ့ရဖူးလည်း
ညဖက်ကျတဲ့နှင်းတွေက
ဘ၀ကို ခပ်ပြင်းပြင်းရိုက်ခတ်နေခဲ့တာ
နှစ်ပေါင်းတော်တော်ကြာနေခဲ့ပါပြီဗျာ……
…………………………………………………
ဝး၀၆ (တကယ်ပြောတာပါဗျာ…….)
မနှစ်ကဒီလိုညမှပဲ
ဆောင်းပ၀ါစလေးတစ်ခု ကောက်ရခဲ့ဖူးသေးတယ်
အပြုံးတွေအေးစက်စေဦးမှာလားလို့ 
(စိုးရွံ့ မိသေးတယ်………..)
(ဘယ်လိုညပဲဖြစ်ဖြစ်………)
နှင်းတွေကတော့ အမြဲတမ်းကျတယ်
(ညဖက်……..)
အပြင်သိပ်မထွက်တော့တာကောင်းမယ်
ညဖက်ကျတဲ့နှင်းတွေက
ဘ၀ကို ခပ်ပြင်းပြင်းရိုက်ခတ်နေခဲ့တာ……..
…………………………………………………….
နှစ်ပေါင်းတော်တော်ကြာနေခဲ့ပါပြီဗျာ……
………………………………………………………
…………………………………………………………
ဝး၀၀ (ဟိုလိုလို ဒီလိုလိုနဲ့ ပဲ…….)
ကျွန်တော့်လွမ်းတောထဲ
ဆောင်းပ၀ါစတွေလွင့်ဝဲ
ညဖက်ကျတဲ့ နှင်း
ဘ၀ကိုခပ်ပြင်းပြင်းရိုက်ခတ်နေခဲ့တာ…….
………………………………………………………..
…………………………………………………………….
ကျွန်တော်ဘာမှ မပြောချင်တော့ပါဘူးဗျာ…….
…………………………………………………………………..
………………………………………………………………………..။ ။
မိုးထက်အောင်
Comment #3
ပုဝါစတွေအများကြီးပဲလား……..
Comment #4
ဒီတစ်စနဲ့ ဆို….ကျွန်တော့်ဘ၀တစ်လျှောက်လုံးနှစ်စဗျ….အစ်မရဲ့…..
Comment #1
မပြောချင်ရင်လည်း မပြောပါနဲ့တော့ ကိုမိုးထက်ရာ
ကောင်းပါတယ် . . အဲလောက်လည်း မခံစားပါနဲ့