တလှမ်းချင်း လျှောက်ရင်း…..
- ယုံကြည်မှုရှိဖို့ယုံ ကြည်ချက်တခုလောက်ပြခဲ့ပါ အိမ်မက်တွေက ဖောက်လွဲဖောက်ပြန် ဖြစ်တက်လို့  ပုံမှန်မဟုတ်တဲ့ ရာသီကိုမှ လွမ်းဆွတ်မိပြီးတော့ အနေအထိုင်မတက်တဲ့ ကမ္ဘာကို မှ ခြေချမိသူလို့  နိုးထဖို့ ခက်ခက်နဲ့ အိပ်ချင်ယောင်ဆောင်ခဲ့ တယ်
- ရာစုနှစ်ရဲ့  အိမ်မက်တွေမှ ၀ိုင်တခွက်နဲ့ ဂစ်တာတလက် ပိုင်ဆိုင်ဖို့ တောင် တွန်းအားမရှိခဲ့ဘူး… အလွမ်းဆိုတာ အလွယ်တကူ ကူးသန်းတက်လား..။ မာယာနဲ့ လောင်ကျွမ်းလို့  ပြာမကျရုံ တခါတရံ အရူံးပေးခဲ့တယ် နေ၀င် မိုးချူပ်ဆိုတာ ဘာမှန်းတောင်မသိတော့တဲ့ ကမ္ဘာမြေကြီးက ပုံမှန်လည်ပတ်နေတယ်…..။
- ၀ိုးတိုးဝါးတားနဲ့  အလင်းပျောက်နေတဲ့  ဆည်းဆာညနေခင်းမှာ အိမ်အပြန် ခေါင်းငိုက်စိုက်ချမိ ငါဆိုတာ ကမ္ဘာကြီးရဲ့ နောက်မှာ ရောက်နေပါလား အိုးးးးးးးးး ရှိပါစေတော့ အရိုးသားဆုံးအဖြစ် နေထိုင်သွားမယ်
Comment #2
အရိုးသားဆုံးအဖြစ် နေထိုင်သွားမယ်
COOL ~
With respect,
RAY
By: X - ray at Jul 11, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
right,,
whatever,,the most important in life is honesty.