အချစ်နဲ့ဘဝ
စကားလုံးနှစ်လုံးထဲနဲ့
လူကို လိုရာအသုံးချနေခဲ့တာ
ဘယ်လောက်ကြာပြီလဲ
ကြေကွဲ ကြည်နူး …
တခါတလေ ရူးတောင်ရူးချင်သလိုလို ။
တော်ပါပြီဗျာ …
လူရယ်လို့ ပီပီသသ ရပ်တည်ခွင့်ရဖို့
တဖက်သတ် ခံစားနေကြတဲ့
“အလွမ်း” “အဆွေး”
အရေးမပါတဲ့ စကားလုံးတွေ ခဏထား
“ဘ၀” ကိုပဲ နားလည်ခံစားကြအောင်ပါ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်တယ်ဗျို့ ကိုမိုးဇက်ရေ…….