အိမ်ပြေး
မိုးလည်းချုပ်လုပြီ အိပ်တန်းပြန်တဲ့ဌက်တွေမြင်ရင်
ကောင်းကင်ကြီးကို မော့ကြည့်ပြီး
အိမ်ကိုမှန်းဆ….လွမ်းတတ်ခဲ့ပြီ
လမ်းမတွေက ကျွန်တော့ခုတင်တွေအဖြစ်
အစားထိုးနေရာ ယူနေကြပြီလေ
ဘယ်ကိုပျံသန်းမှာလည်း မေးသူမဲ့တဲ့ မေးခွန်းတွေနဲ့
ငှက်ငယ်လေး တစ်ကောင်
အလှပျိုးစိုက်ထားတဲ့ သစ်ရွက်တွေကြွေကျရင်တောင်
အမှိုက်ဖြစ်သွားကြသေးတာပဲ
နာကျည်းတဲ့စိတ်တွေ အရည်ပျော်ကုန်ရင်တော့
ပင်လယ်ကြီး မဖြစ်လောက်ပါဘူး
အိမ်မက်တွေကိုတောင် ကန်ထရိုက်ဆွဲမလို့လား
လောဘ မကြီးကြစမ်းပါနဲ့ဗျာ….
ဘယ်သူ့အတွက် အသက်ရှင်နေကြတာလည်း
ဘာဖြစ်ဖို့ အသက်ဆက်ရှင်နေကြတာလည်း
အကြွေမရှိလို့ ခေါင်းခါပြလိုက်ရတဲ့ကလေးကတော့
နှာခေါင်းရှုံ့ လို့ တီးတိုးရေရွတ်နေလေရဲ့ 
မိုးပြေးတွေကို ရှောင်လွဲဖို့ ငါ့မှာ
အ၀တ်အစားအပို ပါမလာခဲ့ဘူး
ထီးစုတ်ကို အမိုးလုပ်ပြီး မိုးချုပ်သွားခဲ့တာ
မိုးတွေရွာတဲ့ ညတိုင်းပေါ့
လမ်းဘေးနားက ညှော်နံတွေကသင်းလို့
အနာရင်းမယ့် တရားခံတွေပါလား
အမှားတွေနဲ့ ဗိုက်ဖြည့်ဖို့အိမ်မပြန်ခဲ့တာမှ မဟုတ်တာ
ရှိပါစေလေ မမြင်ရတဲ့အကန်းက
လူတွေအကြောင်းကို ပိုသိခဲ့တယ်
အနားမကပ်နိုင်တဲ့ ($)တွေများလာလေ
ခွန်အားတွေ ပိုရှိလာလေ
လူတိုင်းကတော့ ဖုန်းကိုယ်စီနဲ့ပေါ့
ဖုန်းကိုင်တဲ့လူတွေများလာလေ
ငါတို့အာရုံထဲက ကဗျာတွေ
အဖုံးခံရလေပေါ့
ဓာတ်တိုင်နံဘေးက မြို့ ပြညတွေ
လရောင်ကိုပဲ တမ်းတမိပါရဲ့ 
အေးမြမှုလရောင်ကို ဘာနဲ့ပေးဝယ်ကြမလည်း
နှလုံးသားကိုလမ်းခင်းပေးရင်တောင်မှ
ခြမနင်းမယ့် ခြေထောက်ပိုင်ရှင်ကိုတော့ တွေ့ချင်သေး၇ဲ့ 
ပြေးခဲ့တဲ့ ခြေထောက်တွေအဝေးမရောက်ပေမယ့်
ငါ့စိတ်တွေ ငါ့နဲ့ အဝေးဆုံးကိုရောက်နေတာ
မီးအိမ်ငယ်တွေ့ရင် ငါ့ကိုလမ်းပြပေးပါဦး
အာလာဒင်ကိုမီးခွက်ထဲမှာ သိမ်းထားရင်
ဖုန်စုပ်စက်တွေထဲမှာငါ့ကို အမှိုက်အဖြစ်သိမ်းထားပေးပါ့လား
ငါ့စိတ်တွေ အိမ်ထဲမှာပြေးနေခဲ့တာ သန်းခေါင်ကျော်လောက်ရောပေါ့။
Comment #1
မော်ဒန်တွေကို ကောင်းကောင်း နားမလည်ပေမယ့်
ဒါလေးတော့ကြိုက်တယ်
ဒန် မဆန့် တဆန်လေးပေါ့