ခံစားချက် သဲအိမ်ငယ်
မဟူရာရောင်နဲ့ ရူးသွပ်မှူ့တွေက
ငါ့အာရုံတွေကို လှုပ်နှိုးနေပြီ ~~~
မင်းပုံရိပ်တွေက အိမ်မက်တွေထဲလည်း
ပိုင်စိုးပိုင်နင်း ၀င်ရောက်လာပြီ ~~~
ငါ့ရှေ့မှာ မပြုံးပါနဲ့
ငါ့ကိုလည်းမကြည့်ပါနဲ့
ငါတောင်းပန်ပါတယ်
အချစ်ဆိုတာကြီးကို ငါတကယ်ကြောက်လို့ပါ ~~~
ချစ်လား …? မချစ်ဘူး…
ငါ့မာနရဲ့ ပဲ့တင်သံတွေပေါ့… ~~~
တကယ်ဆို
ငါဟာ အမှန်တရားကို ဖုံးကွယ်ထားတဲ့
နင့်ရဲ့အနားက လူလိမ်ကြီးတစ်ယောက်ပေါ့ .. ~~~
ဖြစ်နိုင်မယ်ဆိုရင်
ငါ့ခံစားချက်တွေကို
လေပြေနဲ့အတူ မင်းအနားကို ခစားစေချင်တာပါ ~~~
အချစ်သစ်ပင်ငယ်ရယ် … မကြီးထွားပဲရပ်တန့်နေပါ
အမှန်ဆို ကမ်းခြေမှာ ဆောက်ထားတဲ့ သဲအိမ်ငယ်လေးပဲ ဖြစ်သင့်တာပေါ့
အချိန်ဒီလှိုင်းက မင်းကိုတိုက်စားသွားမှာပါ ~~~
အချစ်ဆိုတာ.. ပထမဆုံးသိချိန်ကရေးထားတာပါ.. 🙂
စည်းခြားနေတဲ့ လူတစ်ယောက် အတွက်ပါ။
Mikyae April2008
Comment #8
အချစ်ကို ပထမဆုံးသိချိန်ကရေးထားတာဆိုပဲ..
ဟိဟိ
အကို့ ညီမ တော်တယ်..
:atb
:atb
By: @v at Dec 11, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒါလေးလဲ ကောင်းပါတယ်ဗျာ…….:)