လွမ်းလျက်စောင့်နေသူ (မိုးဇက်)
အလွမ်းတွေနဲ့ထုဆစ်
ငါ့ရင်တွင်းဖြစ်ကဗျာတွေမှာ
ရင်နာခြင်းတွေမပါဘူး ချစ်သူ……
မင်းထားသွားတဲ့နောက်
ဒဏ်ရာပျောက်လိမ့်နိုး
အလွမ်းပင်တွေပဲပျိုးနေမိတယ် ချစ်သူရယ်….….
အခုဆို…..
ငါ့ရင်ထဲကအလွမ်းပင်တွေ
တအားရှင်သန်နေမှ
ဘယ်လိုသတ်ရမလဲ ဆိုတာ
ငါမသိတော့ပါဘူး ချစ်သူရာ….…..
အလွမ်းခါးခါးတွေနဲ့
နေသားကျနေတာလည်း
အတော်ကြာပြီပဲ ချစ်သူရယ်……
ဒါပေမယ့် ချစ်သူရေ…..
ဒဏ်ရာတွေနဲ့ဆွေး
အလွမ်းနာကင်းစင်ရေး
မင်းပြန်လာပေးပါ ချစ်သူရာ
ငါအလွမ်းကမ္ဘာမှာစောင့်နေတာ
အတော်ကြာပါပြီကွာ။။။။။
Comment #3
ကောင်းတယ်ကိုမိုးဇက်ရေ…………..
ညီညီလဲ အားပေးနေတယ်နော်
ကိုမိုးဇက်ကဗျာတွေက ဟတ်ထိစေတယ်ဗျာ
အဟုတ်ကိုပြောတာ………
ဟီး ဟီး ဟီး
ဒါနဲ့ သူနာပြုကောင်စီနဲ့ ညောင်ပင်လေးဈေးက ဘယ်မှာရှိလဲဟင်
……….
သိရင် ပြောပြပါလားလို့…………
By: မွန်စိုက် at Dec 21, 2010
Comment #4
ဘယ်အချိန်ထိစောင့်နေမှာလဲ အကို အမြန်ဆုံး ပြန်လာပါစေ ဗျာ…
By: genius.jinx28 at Dec 21, 2010
Comment #7
nice poem
By: ei lay at Jan 6, 2012
Comment #8
read again par
By: ei lay at Jan 28, 2012
Comment #9
lwan loh tay dot me
By: ei lay at Feb 24, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလွမ်းတွေနဲ့ထုဆစ်
ငါ့ရင်တွင်းဖြစ်ကဗျာတွေမှာ
ရင်နာခြင်းတွေမပါဘူး ချစ်သူ……
အရမ်းကောင်းပါတယ်အကိုမိုးဇက်ရေ……
ညီအားပေးနေပါတယ်ဗျ…….ဂွတ်….
🙂