ဂျွမ်းထိုးမှောက်ခုံ ပင်လယ်
ဝး၀၁ ရင်ခုန်သံလေးရေ…….
ဟောဒီ့ကဗျာထဲ
ဒီကောင့်မျက်ရည်တွေ တ၀ုန်းဝုန်းကြွေကျ
ဒီဇင်ဘာလထဲ မိုးဦးကျနေခဲ့ရပေါ့
( ဘယ်လိုလုပ်ရမလဲ….)
ဝး၀၂ ရင်ခုန်သံလေးရေ………
ဒီငမိုက်သားရဲ့ ဒယိမ်းဒယိုင်နေ့ ရက်
နင်ပွေ့ ဖက်ခဲ့တဲ့နေ့ တွေလောက်မလှဘူး
အဲဒါ……….
…………………………..
နင်လည်းသိတယ်…….
………………………………..
(အပိုမလုပ်နဲ့ …..)
ဝး၀၃ ရင်ခုန်သံလေးရေ……..
နင့်တစ်ဖက်သတ်စွဲချက်တွေကြားမှာ
(ငါ……..)
အပြတ်အသတ် အသည်းကွဲ
နင်မရက်စက်ဘူးလို့  ငါပြောထားတယ်လေ
(နားလည်သင့်တာပေါ့……)
တစ်ကမ္ဘာလုံး မုန်းချင်မုန်း…….
…………………………………………..
နင်င့ါကိုမမုန်းနဲ့ …………..
………………………………………………….
(ခွင့်မပြုဘူး……)
ဝး၀၄ ရင်ခုန်သံလေးရေ………
(နင်………)
ဘယ်ကမ္ဘာကိုရောက်ရောက်
(ငါ……….)
နင့်ကို ခြေရာကောက်နိုင်စွမ်းတယ်
ဒီကောင့်အချစ်
ဘယ်လောက်စစ်ခဲ့သလဲဆိုတာ
(နင်တစ်ယောက်ထဲ ပြန်တွေး)
ဝး၀၅ ရင်ခုန်သံလေးရေ……..
နင့်နာမည်ပဲ တဖွဖွအော်ဟစ်
ငါဖြစ်ချင်တဲ့ဘဝ
လက်တွေ့ နဲ့ တခြားစီ
(ငါ…….ကြေကွဲ)
ဒီကဗျာရေးနေဆဲမှာပဲ
ရော့………
…………………………………
သူငယ်ချင်း…….
…………………………………………….
(တစ်ခွက်သောက်……)
မင်းမျှော်လင့်ချက်…..
…………………………………………………………..
ပင်လယ်မှောက်ခဲ့ရတဲ့အတွက် တဲ့…..
…………………………………………………………………..
ဝး၀၆ ရင်ခုန်သံလေးရေ……..
………………………………….
ရင်ခုန်သံလေးရေ……..
……………………………………………
ဟောဒီ့ကောင်ရဲ့………
…………………………………………………….
ရင်ခုန်သံလေးရေ……………………
……………………………………………………………………
(ခွင့်လွှတ်ပါ…………………)
ဒီကဗျာရေးတဲ့လူ………
…………………………………………….
သူ…….
…………………………………………………
အခု……….
……………………………………………………………………….
တော်……..
တော်………..
မူး………….
နေ………….
တယ်………..
…………………………………………………………………………………….။ ။
မိုးထက်အောင်
(မည်သည့်ခံစားချက်မှမပါပဲ ရေးခဲ့သောကဗျာဖြစ်ပါသည်………။)
Comment #2
ကျေးဇူးတင်ပါတယ်နှောင်းလူရေ……..
Comment #4
ဟုတ်တယ်ကိုကြီးရာ……အေ့စ်
🙂
Comment #5
ကဗျာလေးနဲ့မူးတာ..သူများတေများမူးတာတောင်.. 😛
Comment #6
ဝုတ်ပဂျာာာာာ………..မမငါးလေးရာ….အေ့စ်
🙂
Comment #8
aww,,,,
aww,,,
without feeling,u can write poem.
taw like tar naw.
Comment #9
Xo Xo Good 😉
Comment #1
ကောင်းတယ် ကို မိုးထက်အောင်ရေ အားပေးနေတယ်ဗျာ….။