“ ဒီနေ့ … ကျွန်တော် … ပြီးတော့ … လူတွေ ” ( လူမော်ငြိမ်း )
ကြွက်ကန်းလို ကျင့်တတ်မှ လူဝင်ဆံ့ကြမယ် ။
အရသာထက် ထုပ်ပိုးမှုကို စားသုံးတဲ့ ခေတ်မှာ အပေါဆုံးက မျက်နှာဖုံးပဲ ။
လူကြား သူကြားထဲ ရောက်နေတာမှ ဟုတ်ပါရဲ့လား …
ဖုန် အလိမ်းလိမ်းတက်နေတဲ့ မိတ္တဗလဋီကာကို ဓားကိုက်ပြီး လာ မပြောကြပါနဲ့ ။
ရင်ထဲမှာ မရှိတဲ့ စကားကို ပါးစပ်ဖျားမှာ ထားရင် သိပ်နားခါးတယ် ။
သူတစ်ပါးရဲ့ အရှုံးကို စားသုံးဖို့လည်း အားထုတ်နေကြဆဲ…
တွက်ခဲ့သမျှ ပု စ္ဆာတွေရဲ့ တစ်ခုတည်းသောအဖြေက
“ သုည ”
( မသိကြတာလား … မေ့လျော့ နေကြတာလား … မေ့ချင် ယောင်ဆောင်နေကြတာလား )
အလွန်ဆုံးနေရ … ခင်ဗျား ဘဝမှာ
ရှစ်ရာ လေးဆယ့်နဲ့ ကိုးလပေါ့ … ဘာတွေများ မျှော်လင့်နေကြတာလဲ ။
ပျော်သူတွေက အခွင့်ရှိတုန်း ပျော်နေကြပါ ။
မော်သူတွေက အခွင့်ရှိတုန်း မော်ကြပေါ့ ။
ကျွန်တော်ကတော့ ဒီမိုး ဒီလေ ဒီလူတွေကြားမှာ
အခြေအနေနဲ့ အချိန်အခါအရ
စိတ်ဓာတ်နဲ့ အရေပြားကို ကကြိုး ပြောင်းနေရတဲ့ ဘဝကို
( လုံးဝ ) စိတ်ကုန်လာရတယ် ။
တကယ်ပါ
ပြောပြရင် ပိုတယ် ထင်မယ် ။
တစ်နေ့ထက် တစ်နေ့ …
ခွေးတွေကိုပဲ … ပို ပိုပြီး … ချစ်ချင် ခင်ချင် လာတယ် ။
လူမော်ငြိမ်း
Saturday , January 8 , 2011
Comment #5
ကိုလူမော်ငြိမ်း ကဗျာက နှစ်ပုံနှင့် စကားပြေက တစ်ပုဒ်ထဲပါလား ဆက်ေ၇းပါအုံး။
Comment #7
အခြေအနေ ၊ အချိန်အခါ နဲ့အတူ
စိတ်ဓာတ်နဲ့ ဖြစ်တည်မှုကို
ကကြိုးပြောင်းနေရတဲ့ ဘ၀ကို
( လုံးဝ ) စိတ်ကုန်ပါတယ် ။
Comment #9
စိတ်ကူးလေးတွေ ကောင်းတယ် . ..
Comment #11
အရသာထက် ထုပ်ပိုးမှုကို စားသုံးတဲ့ ခေတ်မှာ
အပေါဆုံးက မျက်နှာဖုံးပဲ ။
မှန်လိုက်တာ..နော်
ကဗျာတွေကအမြဲအပျံစားတွေချည်းပဲ.. Like … 🙂
Comment #1
ဟာ… တော် တော် လေး ကိုနှစ် သက် စရာ ကောင်း တဲံကဗျာ မျိုး ပဲ.. ဒီ လို ကဗျာ အမျိုး အစား နဲ့ရေးဟန် ကို နှစ် သက် တယ်…..တော် တော် ကောင်း တယ် ဗျာ