ကဗျာသို့ တမ်းချင်း
စာလုံးလေးတွေ သီ
မမလေး ဆံပင်ထက်
လှလှလေး ဖြစ်နိုင်သလို ….
မြေပေါ်ပြန့်ကျဲ
တန်ဖိုးမဲ့ ခွေးသေးပန်းလည်း
ခံရတတ်တယ် . . .
တိုက်စစ်ဆင်နွှဲ
စကားလက်နက် ဖြစ်နိုင်သလို
ငြိမ်းချမ်းရေးအချက်ပြ
အဖြူရောင် ပြယုဂ်လည်း ဖြစ်နိုင်တယ်
ကဗျာ…. ချစ်ခြင်း၊ မုန်းခြင်းတွေ
အကြိမ်ကြိမ်ခံရတတ်ပြီး၊ တခါတရံ အဓမ္မကျင့်ခံရတဲ့
မိန်းမတစ်ယောက် အဖြစ်
ပြဌာန်းထားလည်း
တန်ဖိုးထား သူ တစ်ယောက်အတွက်
မင်း ဘယ်တော့မှ မြေဇာပင် မဖြစ်ဘူး
ကဗျာ………
(11-1-2011)
လိပ်ပြာ
Comment #2
ကြိုက်တယ်။
စိတ်ကူးလေးနဲ့ ခဲစားချက်ရုပ်လုံးဖော်ပုံလေးကို
တန်ဖိုးထား သူ တစ်ယောက်အတွက်
မင်း ဘယ်တော့မှ မြေဇာပင် မဖြစ်ဘူး
ကဗျာ………။
Comment #3
ခံစားချက်ရုပ်လုံးဖော်ပုံလို့ ရေးလိုက်တာပါ။။။
ဆောရီးပါဗျာ
အမှားကကျနော့ ရဲ့ ကိုယ်ပိုင်စတိုင်လ်တစ်ခုလိုတွယ်ကပ်နေတက်ပြီဗျ။
Comment #5
တန်ဖိုးထား သူ တစ်ယောက်အတွက်
မင်း ဘယ်တော့မှ မြေဇာပင် မဖြစ်ဘူး
ကဗျာ………
လွတ်လပ် ပေါ့ပါးစွာ……….
နူးညံ့သိမ်မွေ့ စွာ………
ကြည်လင်ရှင်းသန့် စွာ……
အဲလို စွာ ပေါင်းများ စွာ…………….
……………………………………………………..
Comment #6
ငြိမ်းချမ်းေ၇း အချက်ပြ
အဖြူေ၇ာင် ပြယုဂ်လဲ ဖြစ်နိုင်တယ်။
ကြိုက်၏။
Comment #7
တိုက်စစ်ဆင်နွှဲ
စကားလက်နက်
ဖြစ်နိုင်ပါတယ်..မှန်ပါတယ်ရွှေလိပ်ပြာ.. 😛
Comment #8
ကိုလိပ်ပြာရေ…….. မိုးကို ခင်လို့မင်လို့နောက်လို့..ရပါတယ်….
အမြဲကြိုဆိုလျှက်ပါ…ကဗျာမောင်နှမတွေပဲနော်…ဒါပေမယ့်…သဲ လို့ မခေါ်ပါနဲ့
ဘယ်လိုကြီးမှန်းမသိဘူး…အဲလိုအခေါ်အဝေါ်ကြီးကလေ..(သမီးရည်းစားတွေမှာသုံးတာမျိုးကြီး)…
နော်
စိတ်မရှိပါနဲ့….
ပြီးတော့ နားလည်ပေးပါ
Comment #10
ဟုတ်ဟုတ်…….ရတယ်…..
(တူက လူမှာားခေါ်တာကိုး…)
Comment #1
တန်ဖိုးထား သူ တစ်ယောက်အတွက်
မင်း ဘယ်တော့မှ မြေဇာပင် မဖြစ်ဘူး
ကဗျာ………
..mite tal